19 July, 2010

အမည်မသိ ချစ်ခြင်း....


ချစ်ခြင်းတွေမုန်းခြင်းတွေမရှိ
အဆုံးဆိုတာမသိတဲ့ နေရာတစ်နေရာမှာ
ခံစားမှုတွေအသာချပြီး
ဘ၀အမောတွေဖြည်ပြချင်တယ်။။။
သုံးစားမရတဲ့…
နဂိုကရခဲ့တဲ့ အနာတရတွေကိုလဲ
အသာတကြည်ပဲ ပြာချလို့
လွမ်းစရာလို့ပဲ အမှတ်ရလိုက်ချင်တယ်
အချစ်ဆိုတာ ပြည်ဖုံး ကားချလို့မရပေမဲ့
အဆုံးသတ်မှာတော့….
မုန်းချက်တွေနဲ့ ဖျက်ပစ်လို့ရတယ်…
ဒါပေမယ့် မမုန်းတတ်တော့လဲခက်သား
ဒီတော့ ချစ်ခြင်းမုန်းခြင်း ကင်းမဲ့ဇုံထဲ
ကိုယ့်ကိုယ်ကိုယ် ပစ်ထည့်လိုက်ရုံပဲ ရှိတာပေါ့
တကယ်တော့ …
ကိုယ့်ဘာသာ ရှာခဲ့တဲ့မီးတစ်စ
ငြိမ်းလို့မရအောင် ပွားနေတော့
ကိုယ့်ဘာသာ ကြိတ်ပြီး ငြိမ်းမနေချင်တော့ဘူး
တိတ်တိတ်လေးပဲ အမုန်းပင်လယ်ထဲခုန်ချ
ဒီမီးစကို သတ်ပစ်လိုက်ရတော့မယ်…
မုန်းတတ်လို့တော့မဟုတ်ဘူး….
ချစ်တတ်လွန်းခဲ့လိုပါ….
လွမ်းတတ်လွန်းတဲ့လို့လဲမဟုတ်ဘူး
ခံစားတတ်ခဲ့လွန်းလို့ပါ…
ပုန်းခဲ့ဖို့လဲမရည်ရွယ်ခဲ့ပါဘူး
ဒါပေမယ့်
နင့်အရှေ့မှာ မျက်ရည်မကျချင်လို့ပါ…
ချစ်ပြနေလို့ထူးမှမလာပဲ
ဒုက္ခပေးနေသလိုပဲ ဖြစ်နေမယ်ထင်ပါရဲ့
ဒီတော့ ငါ့ဘ၀ကို
ကိုယ်တိုင်သာ မုန်းဖို့သင့်လျော်တဲ့
ဒီအမုန်းပင်လယ်တဲ့ထည့်လျှော် ..
မသန့်သေးတဲ့ စိတ်ကို
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုံထဲ
ခြံခတ်ထည့်လို့ .. လုံအောင်ပိတ်
မျက်စိမှိတ်ပြီး သူငယ်ချင်းအဖြစ်နဲ့ပဲ
ရှေ့ဆက်ချစ်ဖို့ ကြိုးစားတော့မယ်….
မချစ်စဖူး ချစ်ခဲ့ဖူးတဲ့
ချစ်ရတဲ့ သူငယ်ချင်းရေ……

0 comments:

Post a Comment