
သာမန် အပြုအမူတစ်ခုနဲ့ လှုပ်ရှားစေခဲ့တဲ့ရင်ကို
သာမန် အပြုအမူတစ်ခုနဲ့ပဲ ပုတ်ချသွားစေခဲ့တယ် ..
နာကျင်မှုဆိုတာ ထုံပေနေပြီ
ခံစားမှုဆိုတာလဲ မှုန်ဝေနေပြီ
အဖန်တရာတေနေတဲ့
ဒဏ်ရာတွေနဲ့…
သေချာမမြင်ရတဲ့ နှလုံးသားကို
ချစ်တတ်အောင်သင်တော့မဲ့အစား..
ချောင်ပဲထိုးထားလိုက်တော့မယ်…
နှလုံးသားမပါပဲ.
ခပ်မုန်းမုန်းစကားတွေထွက်ဖို့
အနှစ်မပါစာသား
အချစ်မပါနှလုံးသားနဲ့
ဖြစ်ညှစ်ပြီး ပြုံးကြည့်လိုက်တယ်
မပီပြင်တော့တဲ့ အပြုံးစက
ရင်တစ်ခုလုံး ဓားနဲ့ဆွနေသလိုပါပဲ …
နေစရာမရတော့တဲ့ အချစ်
ပြင်လို့မရတော့တဲ့ အဖြစ်တွေနဲ့
နင့်နေတဲ့ ဒီရင်ခွင်…
မကြင်ချင်တော့တာကြောင့်
နယ်နှင်ဒဏ်ပေးရင်း …
အချစ်တစ်ခုရဲ့ ဇာတ်သိမ်းခြင်းက
မရှုမလှတဲ့အကြည့် ဆိတ်ငြိမ်မှုအတိနဲ့
နှုတ်ဆက်သွားလေရဲ့……
“Good Bye ..F.O.R.E.V.E.R”
0 comments:
Post a Comment