02 February, 2011

လွင့်မျောခဲ့သော ရင်ခုန်သံ


ငါ့မှာမျှော်လင့်ချက်ဆိုတာရှိခဲ့ရင်

ငါ့စိတ်တွေကို

တစ်ပြည်တစ်ရွာမှာထားလို့

အဝေးကပဲ

ယဲ့ယဲ့သာရှိတဲ့ မျှော်လင့်ချက်နဲ့

နင့်မျက်နှာကို တစ်ဝ ထိုင်ကြည့်နေချင်တယ်......

ပြစ်ဒဏ်တစ်ချက်ကြောင့်

ခံစားလာရမဲ့ ဒဏ်ရာတွေက

ရေတစ်ပွက်စာလောက်နဲ့

ပျောက်သွားမယ်ဆိုရင်

အပြတ်ပြတ်နဲ့

နှာခေါင်းသွေးထွက်မဲ့ ကိစ္စတွေကို

ငါရှောင်ခဲ့မှာပေါ့

အခုတော့........

ဆက်ဆံရေးတွေကနေ၀င်

်ငါတို့အပြုံးတွေပျက်သုဉ်း

အပျော်တွေက သင်္ဂြိုဟ်ခံရလို့

ငါတို့ဆန္ဒတွေနဲ့ အတူပြာကျသွားပြီ....

တကယ်လို့........

ဘ၀တစ်ခုမှာ လိုရာဆုကိုတောင်းပါဆိုရင်

ငါလေ

ကလေးဆိုးတစ်ယောက်လို အော်ဟစ်ငိုလို့

အရင်လိုအချိန်တွေကို

ပြန်လိုချင်လိုက်တာလို့

ပူဆာမိမယ်ထင်တယ်

0 comments:

Post a Comment