17 March, 2012

ကျွန်တော် ချစ်သော ....ဥသြ

နွေဆန်တဲ့ဥသြရေ
မာန်မပြေတဲ့ ရာသီဦးက
ရော်ရည်မှန်းစတွေမှာ
တစ်စုံတစ်ရာနဲ့အတူများ ….
နင်.. လွင့်လာလေမလား။

လျှောက်ပြန်သံပေး
မြောက်လေ သွေးသံက
ဆံနွယ်စတစ်ချို့ကိုများ
နင့်ထံ လွင့်ဝဲရိုက်ခတ်သွားစေမလား …

မပီပြင်တဲ့ လေရူးအဝှေ့မှာ
အသံတိတ် ပဲ့တင်သံတစ်ချို့ နဲ့
ဒီနွေဦးရဲ့ စေတသိတ်
ခပ်ဆိတ်ဆိတ်လေး
ကြွေ….လွင့် ..ခဲ့ပြီ ……ဥသြရယ်….

ရံဖန်ရံခါတွေ
ခလုတ်တိုက်သွားတိုင်း
ဆိုညည်းသံသဲ့သဲ့မှာ
ငါ ဆို တဲ့ ငါ က……
တစ်ကိုယ်ရည်စာမှားရုံလေး
ရူး…. တယ် ..ဥသြရယ်
တိမ်တွေဝေး..ဝေး….သွားတိုင်း
လေနုအေးအေးတွေ ဖြတ်ပြေး….သွားတိုင်း
ကဗျာရနံ့တွေနဲ့ဆက်နွယ်နေတတ်တဲ့
အဲ့ဒီ လက်ဝဲဖက်အိတ်ကပ်လေးနား

ဟိုးးး အဝေးက

ငါ ……….

တိတ်တိတ်လေး လွင့်ပါးလာချင်ရဲ့ဟာ ……

စူးရှအိမ်...(၀၈း၅၂..၁၇၊၃၊၂၀၁၂..စနေနေ့)

0 comments:

Post a Comment