07 February, 2011
05 February, 2011
"ငွေ့ရည်ဖွဲ့တဲ့ည"

ငါမျက်လုံးတွေကိုမှိတ်လိုက်တယ်
အမြင်အာရုံအမှောင်ကျသွားတဲ့နောက်မှာ
ဘ၀တစ်ခု…
လောကနဲ့အဆက်အသွယ်ပြတ်နေတဲ့ဘ၀တစ်ခု
အဲ့သီးခြားဘ၀လေးထဲမှာ
ငါ့ချစ်ခြင်းတွေကို အသွင်ဖော်ဖို့
နှလုံးသွေးတွေကို မင်ရည်အဖြစ်နဲ့စီးဆင်းလိုက်တယ်….
ရင်ဘတ်ကြီးနဲ့တနင့်တပိုးထမ်းထားရတဲ့အတွေးတွေက…
ဆိုင်သူမသိတဲ့ကဗျာတွေအဖြစ်နဲ့
အလွမ်းအိမ်လေးတစ်အိမ်ကိုဆောက်တယ်….
ချစ်တယ်…ချစ်ခြင်းဆိုတာကိုဘာမှန်းမသိပဲ ငါချစ်တယ်…
လွမ်းတယ်…မပီပြင်တော့တဲ့ သံယောဇဉ်တစ်ချို့နဲ့
ငါလွမ်းတယ်….
ငါ့အလွမ်းတိုင်းပြည်မှာ ..
ခောတ်ဆိုတာမရှိဘူး….
လူတန်းစားဆိုတာမရှိဘူး…
ဘာသာရေးခွဲခြားမှုဆိုတာမရှိဘူး…
ပင့်ကူမျှင်လို့ရှုပ်ရှပ်ခပ်နေတဲ့
ဆက်သွယ်မှုကွန်ယက်တွေမရှိဘူး
မ၀ံ့မရဲခုန်နေတဲ့ စည်းချက်မမှန် ရင်ခုန်သံလေးက
သူနဲ့ငါ့ကြား ဆက်သွယ်ပေးတယ်….
ငါကိုယ်တိုင်ပိုင်တဲ့ ငါ့အချစ်တိုင်းပြည်မှာ ..
မိုင်တိုင်တွေကြားက ကွာဟမှုတွေမရှိဘူး
ချစ်တယ်ဆိုတဲ့ စကားနှစ်လုံးကြားမှာ
သူသာကြားစေနိုင်တဲ့ ငါ့ရင်ခုန်သံတိုးတိုးလေးတွေရှိတယ်…….
ဆိုင်သူလက်မခံတဲ့
အဲ့ဒီချစ်ခြင်းတွေတစ်ပွေ့တစ်ပိုက်နဲ့
ငါ…မျှော်လင့်ခြင်းလမ်းဆုံးကို မျှော်ကြည့်မိတယ်…
တွေ့လိုက်၇တယ်….လက်လှမ်းကြိုနေတဲ့ အပြုံးတစ်ခု
သာယာနှစ်လိုဖွယ်ကောင်းတဲ့အပြုံး
အနှစ်အလလ ရူးခဲ့ဖူးတဲ့ အဲ့ဒီအပြုံးတစ်ခု..
ငါတစ်သက်လုံး ပိုင်ဆိုင်ခွင့်ရချင်တဲ့အဲ့အပြုံး …..
အဲ့အပြုံးပိုင်ရှင်က..
ငါ့နဖူးမှာ အနမ်းတံဆိပ်လေးနှိပ်ပေးတယ်
ငါဆုတောင်းကြည့်ချင်တယ်….
ဒါ...အိပ်မက်... မဟုတ်ပါစေနဲ့လို့……..
04 February, 2011
"ကောင်းကင်ဝှက်ထားတဲ့...အိပ်မက်"

ရှည်လျားတဲ့မိုင်တွေကြားထဲ
ငါ့ဆန္ဒတွေမှေးစက်တယ်...
တဖြည်းဖြည်းကုန်သွားမဲ့
ပြက္ခဒိန်စာရွှက်တွေကြားက
နေ့စွဲတစ်ခုမှာ ........
ငါ့မျှော်လင့်ချက်တွေ မရိုးမရွဖြစ်နေတယ်.....
ရေးတယ်.... ငါရေးတယ်......
ဗလာလို့ခေါ်တဲ့ စာရွက်ဖြူတွေပေါ်မှာ
ငါ့ရဲ့မဟာ ခံစားချက်တွေကိုငါရေးနေတယ်
ဆန္ဒတွေက မွစာကျဲလို့......
အဲ့ရက်စွဲတွေကို ငါမုန်းတီးစွာကြည့်မိတယ်.....
နေ့ရက်တိုင်းကပြဿဒါး
ကိုယ်ချင်းစာစိတ်မရှိတဲ့ အဲ့ဒီအရေအတွက်မဲ့ပြက္ခဒိန်တွေကို
စိတ်ကူးထဲမှာပဲ ငါဆုတ်ဖြဲနေမိတယ်......
ဖြစ်နိုင်ရင်လေ...
အချိန်ကိုယန္တရားတပ်
ရာစုနှစ်တွေကိုဘောင်ခတ်လို့
ငါ့မျှော်လင့်ချက်ကိုစီးနင်း
အဲ့ကာလလေးထဲကို ခြင်းနင်းဝင်ရောက်ချင်ပြီ
ဒါပေမယ့် ငါသိတယ်.... အဲ့တစ်ချိန်ကို ငါစောင့်ရမယ်
အဲ့ဒီနေ့.... ငါ့အိပ်မက်တွေထဲက အဲ့ဒီနေ့
အဲ့နေ့မှာ ငါ့ကောင်းကင်က ကြယ်တွေမြေခမယ်
ငါ့အလွမ်းတွေမြေကျမယ်
ငါ့ဆန္ဒနဲ့ ငါ့ကိုယ်ငါတန်ဆာဆင်လို့
ငါ့အပြုံးတွေက ငါ့နှလုံးသားကို ချယ်မှုန်းပေးထားလိမ့်မယ်
အဲ့ဒီနေ့........ ငါမျှော်တဲ့အဲ့နေ့မှာ
ငါ့ကောင်းကင်ကလမင်းကို
ငါဖူးတွေ့ခွင့်ရမယ်.......
ပကာသနမပါတဲ့ မာနပါးပါးလေးနဲ့
ငါ့လမင်းကိုနမ်းဖို့...
ဟိုးးးးးးးးးးးးးးးး အဝေးကြီးကနေ ....
ငါ....အရောက်လှမ်းခဲ့ ..ဦး..မယ်.....
03 February, 2011
*I Do Love You*
ချစ်တယ် …
နင့်အပြုံးတွေကို ငါချစ်တယ်
နင့်အမုန်းတွေကိုငါချစ်တယ်…
နင့်စကားတွေကို ငါချစ်တယ်..
နင့်အကြည့်တွေကိုငါချစ်တယ်
နင့်အဆုံးအမတွေကိုငါချစ်တယ်
နင့်စာရိတ္တကိုငါချစ်တယ်
နင့်ရိုးသားမှုတွေကို ငါချစ်တယ်
နင်ပိုင်ဆိုင်တဲ့အရာအားလုံးငါချစ်တယ်..
နင့်ကိုမပိုင်ရလဲ ငါချစ်တယ်
ငါ့ကိုခွဲသွားမှာသိလဲ ငါချစ်တယ်
ငါ့မျက်လုံးမှိတ်လိုက်တိုင်း
အလိုလိုပုံပေါ်လာတတ်တဲ့
နင့်ကို …. ငါ……အရမ်းချစ်တယ်….
02 February, 2011
"အဖိုးမတန်တဲ့ အချစ်ကာရံ"

နင့်ရဲ့
ထားစရာမရှိတဲ့အချစ်တွေကိုမှန်စီရွှေချ
ပြတိုက်ထဲတောင် ခင်းကျင်းပြလိုက်ချင်ရဲ့......
လူတကာအားကျတဲ့
အချစ်လှလှထဲ
ခံစားချက်ချိုမြမြတွေနဲ့ပုံချ
နင့်လှည့်စားချက်ကလှလွန်းတယ်….....
ကာရံမလှတဲ့
အကာအကွယ်မဲ့စကားလုံးတွေ
ဘာလို့သုံးနှုန်းနေတာလဲ
ရင်ခွင်နဲ့ကြားနာနေရတဲ့ငါ
ရင်နာလွန်းလို့ပါဟာ......
ထုံပေပေခံစားချက်တွေနဲ့ငါ
တဖြည်းဖြည်းနဲ့နေတတ်လာပြီ…
မရင်းနှီးတဲ့စကားလုံးတွေကိုလဲ
အပြုံးတွေသုံးပြီး
အသုံးချတတ်နေပြီ…....
နင်ပေးတဲ့သင်ခန်းစာတွေများလွန်းလို့
ငါ့ဘ၀လက်ချာစာမျက်နှာတွေထဲမှာ
ခပ်သော့သော့လက်ရေးရာတွေနဲ့ပြည့်နေတယ်.....
ပီပီပြင်ပြင်မသိတော့တဲ့
ခံစားချက်နှုန်းထားတွေကို
ငါ့နှလုံးသားကလဲ
အမီသိမ်းမထားနိုင်တော့ဘူး......
Share စရာများနေတဲ့ နင့်အကြင်နာတွေ
ဖြန့်ကျဲပြီးသာ လှူလိုက်တော့
ငါ့အတွက်တော့
နင်ဆိုတာ ..တစ်ချိန်တုန်းက
သတ်ပုံမှားခဲ့ဖူးတဲ့
ကဗျာစာရွက်ဟောင်းတစ်ရွက်.....
"ကန့်သက်ချက်တို့၏နောက်ကွယ်"

လောကကိုဂရုမစိုက်ပဲ
မိုးရေထဲမှာ ဦးထုပ်တစ်လုံးနဲ့လမ်းလျှောက်လို့လျှောက်
စိတ်ပေါက်ရင်ပေါက်သလို လက်ဖက်ရည်ဆိုင်ထိုင်
မိုက်မိုက်ကန်းကန်းစတိုင်နဲ့
ဆန္ဒတွေကို သွန်လိုသွန်
မှောက်လိုမှောက်နေတတ်တဲ့ငါက
နင့်အတွက်တော့….
ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်…
နင်မြတ်နိုးတဲ့ဆံပင်ရှည်ဆိုတာ
ငါ့အတွက်တော့
ကဗျာစာရွက်တစ်ရွက်လောက်တောင်
သိမ်းထားချင်စိတ်မရှိခဲ့ဖူးတဲ့အရာ…
နုနုရွရွတွေမခံစားတတ်တဲ့ငါက
နင်ပြောသလိုဆိုရင်တော့…
ဂျစ်တူးမပေါ့……
အရာရာကိုအလေးနက်ထားတဲ့နင်နဲ့
ဘ၀ကိုအပေါင်းအနှုတ် အမြှောက်အစားတွေမပါပဲ
အချိုးချထားချင်တဲ့ငါ…
ဘယ်လိုတွေများရှေ့ဆက်သွားကြမှာလဲ….
အရာရာကို ဆင်ခြင်တတ်တဲ့နင်ကလေ
ငါ့အတွက်တော့
တခြားကမ္ဘာက ကျလာတဲ့လူသားလိုပဲ
ထူးဆန်းနေခဲ့တာအမှန်…
စနစ်တကျ ချပြတတ်တဲ့
နင့်ရည်မှန်းချက်တွေနဲ့..
ပစ်ချသလိုနေနေတတ်တဲ့
ငါ့ဘ၀ ယဉ်ကျေးမှုတွေက..
အခြားနားကြီးခြားနားလို့ …
မဟာဆန်တာမှ ကြိုက်တတ်တဲ့
နင့်ဆန္ဒတွေက….မိန်းမမဆန်လှတဲ့ ငါ့အတွက်တော့
ဝေးဝေးက ပြသာဒ်တစ်ခုလိုပါပဲ......
တကယ်တော …
သွန်သင်ဆုံးမဖူးတဲ့ ..နင့်စကားတွေကြားမှာ
ငါ့ရင်ခုန်သံတွေ အခါခါမှားခဲ့ဖူးတယ်…
ရယ်သံချိုမြမြ..တွေကြားမှာ..
လောဘတွေနဲ့ ငါ့စိတ်တွေဖောက်ပြားဖူးတယ်…
ကရုဏာဒေါသသံတွေကြားမှာ
ငါ့ခြေလှမ်းတွေ မှားခဲ့ဖူးတယ်…
နင်ကြိုက်တဲ့မျက်ဝန်းလှလှတွေမရှိလို့
မနာလိုစိတ်တွေနဲ့လဲ
ကြိတ်မှိတ်နေခဲ့ဖူးတယ်….
တကယ်လို့ အချစ်ဆိုတာ
အခါမလပ်ချည်နှောင်နေတတ်တဲ့ကြိုးဆိုရင်…
ထပ်ထပ်မရစ်ပတ်ခင်… ဖြတ်ပစ်လိုက်ချင်တယ်…
ချစ်တဲ့နင် စိတ်ချမ်းသာဖို့အတွက်…………
လွင့်မျောခဲ့သော ရင်ခုန်သံ

ငါ့မှာမျှော်လင့်ချက်ဆိုတာရှိခဲ့ရင်
ငါ့စိတ်တွေကို
တစ်ပြည်တစ်ရွာမှာထားလို့
အဝေးကပဲ
ယဲ့ယဲ့သာရှိတဲ့ မျှော်လင့်ချက်နဲ့
နင့်မျက်နှာကို တစ်ဝ ထိုင်ကြည့်နေချင်တယ်......
ပြစ်ဒဏ်တစ်ချက်ကြောင့်
ခံစားလာရမဲ့ ဒဏ်ရာတွေက
ရေတစ်ပွက်စာလောက်နဲ့
ပျောက်သွားမယ်ဆိုရင်
အပြတ်ပြတ်နဲ့
နှာခေါင်းသွေးထွက်မဲ့ ကိစ္စတွေကို
ငါရှောင်ခဲ့မှာပေါ့
အခုတော့........
ဆက်ဆံရေးတွေကနေ၀င်
်ငါတို့အပြုံးတွေပျက်သုဉ်း
အပျော်တွေက သင်္ဂြိုဟ်ခံရလို့
ငါတို့ဆန္ဒတွေနဲ့ အတူပြာကျသွားပြီ....
တကယ်လို့........
ဘ၀တစ်ခုမှာ လိုရာဆုကိုတောင်းပါဆိုရင်
ငါလေ
ကလေးဆိုးတစ်ယောက်လို အော်ဟစ်ငိုလို့
အရင်လိုအချိန်တွေကို
ပြန်လိုချင်လိုက်တာလို့
ပူဆာမိမယ်ထင်တယ်
"ပိုင်ဆိုင်မှုဟုမမြည်ခဲ့သော ...ပိုင်ဆိုင်မှုများ"

ပိုင်ဆိုင်မှုဆိုတာဘာလဲ?????
အသိဥာဏ်တွေတစ်စတစ်စနဲ့
ကျယ်ပြန့်လာလေလေ..
ငါ့မှာပိုင်ဆိုင်မှုမဲ့လူသားဆိုတဲ့
စိတ္တဇအတွေးတွေနဲ့
အိပ်မရညတွေကိုငါဖြတ်...
တစ်ရှိုက်မက်မက်ချစ်ခြင်းတွေနဲ့....
ငါ့မျက်ရည်တွေစီးဆင်းဖူးတယ်...
တကယ်တော့.....
ငါ့ရဲ့စိတ်က ငါ့ရဲ့ပိုင်ဆိုင်ရာ
ငါ့အတွေးတွေက ငါ့ရဲ့ပိုင်ဆိုင်ရာ
မျှော်လင့်တဲ့သူဆီကနေ
မမျှော်လင့်ပဲရခဲ့တဲ့
ဂရုစိုက်မှုတွေက ငါ့ရဲ့ပိုင်ဆိုင်ရာ ...
ငါ့အတွေးတွေနဲ့ ငါတည်ဆောက်ထားတဲ့
အလွမ်းကမ္ဘာလေးက ငါ့ရဲ့ပိုင်ဆိုင်ရာ
ပိုင်ရှင်မသိတဲ့
တိတ်တဆိတ်ချစ်ခြင်းတွေက
ငါ့ရဲ့ပိုင်ဆိုင်ရာ....
ဘယ်သူမှနားမလည်တဲ့..
ငါ့ခံစားချက်တွေက
ငါ့ရဲ့ပိုင်ဆိုင်ရာ....
တကယ်တော့ငါ့မှာလေ
နင်ကလွဲရင် ....
ပိုင်ဆိုင်ရတာတွေများလွန်းလို့ကို
အတွေးတွေနဲ့ခြောက်ခြား
အိပ်မရတဲ့ညတွေ တိုးပွားလာခဲ့တာ.......
နင်...တစ်ယောက်....သိ..ပါ...စေ....
"မပိုင်ဆိုင်ခဲ့ဖူးသော....ထိုအရာ"

အဲဒီအရာပေါ့.
ငါ့မာနတွေကိုအရည်ပျော်ကျစေခဲ့တာ
အဲဒီအရာပဲ..
ငါ့စိတ်ဓာတ်တွေကို အမှောင်ချ
ငါပိုင်ဆိုင်သမျှ အရာအားလုံးကို
စိတ်တိုင်းကျချယ်လှယ်နိုင်ခဲ့တာ...
အဲ့ဒီအရာက .
ငါ့အတိတ်တွေကိုတူးဆွတယ်
ငါ့ပစ္စုပ္ပန်တွေကိုအုတ်မြစ်ချတယ်
ငါ့အနာဂတ်တွေကိုပုံဖော်တယ်...
ငါ့မျက်ရည်တွေကို ရွာချလို့
ငါ့အိပ်မက်တွေကိုနိုးထစေတယ်....
အဲ့ဒီအရာက...
ငါ့ဘ၀ထဲကို တစ်စတစ်စနဲ့တိုးဝင်လာတယ်
ကောင်းခြင်းတွေရော မကောင်းခြင်းတွေရော
ရောပြွန်းနေတဲ့ ရသမျိုးစုံနဲ့
ငါ့ဘ၀ကိုလှည့်စားတယ်...
အဲ့ဒီအရာပေါ်မှာပဲ တရှိုက်မက်မက် ငါအိပ်စက်လို့
မဆုံးနိုင်တဲ့အိပ်မက်ရှည်တွေ မက်ခဲ့ဖူးတယ်....
အဲ့ဒီအရာက ..
ငါမယူခဲ့ပဲ ငါ့ဆီဝင်လာခဲ့တဲ့အရာ
ငါတားနေတော့မှ ငါ့ဆီက ထွက်သွားဖို့
ကြိုးစားနေတဲ့အရာ.....
တစ်စုံတစ်ရာရယ်........
ကျေးဇူးပြုပြီး ....
ငါ့ရင်ခုန်နှုန်းတွေရပ်စေလို့
ငါ့ဝိညာဉ်ကို တိတ်တဆိတ်ယူဆောင်သွားပါ
ငါ့အာရုံတွေကို အမှောင်ချလို့
ရှုံးနိမ့်ခြင်းရဲ့ရလဒ်တွေနဲ့ပဲ...
ငါ့မျှော်လင့်ချက်တွေကို အိပ်စက်ခွင့်ပေးပါ...
01 September, 2010
03 August, 2010
"အမုန်းဋီကာ"

အပြာရောင်ကောင်းကင်ကိုနောက်ခံပြီး
အရောင်ပြောင်းတတ်တဲ့
မရိုးသားတဲ့ တိမ်တိုက်တွေကို
မုန်းတယ်....
ဖုံးကွယ်မှုနောက်က
အမှတ်တမဲ့ကျလာတတ်တဲ့
မသေမသပ် အပြုံးချက်တွေကို
မုန်းတယ်.....
နာကျင်မှုကိုခုတုံးလုပ်ပြီး
မျက်ရည်စတွေနဲ့ အလွဲသုံးစားလုပ်နေတတ်တဲ့
ငါ့မျက်လုံးအစုံကိုလဲ
မုန်းတယ်....
အလိုက်ကန်းဆိုးမသိ
ထိထိမိမိနာကျင်လာတိုင်း
ဆန္ဒပြတတ်တဲ့
ဘယ်ဘက်ရင်အုံအောက်က
နှလုံးသားအစုံကိုလဲ
မုန်းတယ်........
ခံစားချက်တွေ
စာသားအဖြစ်ပြောင်းခဲ့လာတိုင်း
လိုက်ရေးနေမိတဲ့
ငါ့လက်တွေကိုလဲ
မုန်းတယ်.....
အရာရာကို နှလုံးသားနဲ့ခံစား
အရှုံးတွေနဲ့ကစားပြီး
သုညဆိုတဲ့ဘ၀ကနေ
နာလံမထူနိုင်ပဲ
အူတူတူဖြစ်နေတဲ့
ငါ့ကိုယ်ငါလဲ
မုန်းတယ်....မုန်းတယ်......
31 July, 2010
"Good Bye..F.O.R.E.V.E.R"

သာမန် အပြုအမူတစ်ခုနဲ့ လှုပ်ရှားစေခဲ့တဲ့ရင်ကို
သာမန် အပြုအမူတစ်ခုနဲ့ပဲ ပုတ်ချသွားစေခဲ့တယ် ..
နာကျင်မှုဆိုတာ ထုံပေနေပြီ
ခံစားမှုဆိုတာလဲ မှုန်ဝေနေပြီ
အဖန်တရာတေနေတဲ့
ဒဏ်ရာတွေနဲ့…
သေချာမမြင်ရတဲ့ နှလုံးသားကို
ချစ်တတ်အောင်သင်တော့မဲ့အစား..
ချောင်ပဲထိုးထားလိုက်တော့မယ်…
နှလုံးသားမပါပဲ.
ခပ်မုန်းမုန်းစကားတွေထွက်ဖို့
အနှစ်မပါစာသား
အချစ်မပါနှလုံးသားနဲ့
ဖြစ်ညှစ်ပြီး ပြုံးကြည့်လိုက်တယ်
မပီပြင်တော့တဲ့ အပြုံးစက
ရင်တစ်ခုလုံး ဓားနဲ့ဆွနေသလိုပါပဲ …
နေစရာမရတော့တဲ့ အချစ်
ပြင်လို့မရတော့တဲ့ အဖြစ်တွေနဲ့
နင့်နေတဲ့ ဒီရင်ခွင်…
မကြင်ချင်တော့တာကြောင့်
နယ်နှင်ဒဏ်ပေးရင်း …
အချစ်တစ်ခုရဲ့ ဇာတ်သိမ်းခြင်းက
မရှုမလှတဲ့အကြည့် ဆိတ်ငြိမ်မှုအတိနဲ့
နှုတ်ဆက်သွားလေရဲ့……
“Good Bye ..F.O.R.E.V.E.R”
19 July, 2010
အမည်မသိ ချစ်ခြင်း....

ချစ်ခြင်းတွေမုန်းခြင်းတွေမရှိ
အဆုံးဆိုတာမသိတဲ့ နေရာတစ်နေရာမှာ
ခံစားမှုတွေအသာချပြီး
ဘ၀အမောတွေဖြည်ပြချင်တယ်။။။
သုံးစားမရတဲ့…
နဂိုကရခဲ့တဲ့ အနာတရတွေကိုလဲ
အသာတကြည်ပဲ ပြာချလို့
လွမ်းစရာလို့ပဲ အမှတ်ရလိုက်ချင်တယ်
အချစ်ဆိုတာ ပြည်ဖုံး ကားချလို့မရပေမဲ့
အဆုံးသတ်မှာတော့….
မုန်းချက်တွေနဲ့ ဖျက်ပစ်လို့ရတယ်…
ဒါပေမယ့် မမုန်းတတ်တော့လဲခက်သား
ဒီတော့ ချစ်ခြင်းမုန်းခြင်း ကင်းမဲ့ဇုံထဲ
ကိုယ့်ကိုယ်ကိုယ် ပစ်ထည့်လိုက်ရုံပဲ ရှိတာပေါ့
တကယ်တော့ …
ကိုယ့်ဘာသာ ရှာခဲ့တဲ့မီးတစ်စ
ငြိမ်းလို့မရအောင် ပွားနေတော့
ကိုယ့်ဘာသာ ကြိတ်ပြီး ငြိမ်းမနေချင်တော့ဘူး
တိတ်တိတ်လေးပဲ အမုန်းပင်လယ်ထဲခုန်ချ
ဒီမီးစကို သတ်ပစ်လိုက်ရတော့မယ်…
မုန်းတတ်လို့တော့မဟုတ်ဘူး….
ချစ်တတ်လွန်းခဲ့လိုပါ….
လွမ်းတတ်လွန်းတဲ့လို့လဲမဟုတ်ဘူး
ခံစားတတ်ခဲ့လွန်းလို့ပါ…
ပုန်းခဲ့ဖို့လဲမရည်ရွယ်ခဲ့ပါဘူး
ဒါပေမယ့်
နင့်အရှေ့မှာ မျက်ရည်မကျချင်လို့ပါ…
ချစ်ပြနေလို့ထူးမှမလာပဲ
ဒုက္ခပေးနေသလိုပဲ ဖြစ်နေမယ်ထင်ပါရဲ့
ဒီတော့ ငါ့ဘ၀ကို
ကိုယ်တိုင်သာ မုန်းဖို့သင့်လျော်တဲ့
ဒီအမုန်းပင်လယ်တဲ့ထည့်လျှော် ..
မသန့်သေးတဲ့ စိတ်ကို
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုံထဲ
ခြံခတ်ထည့်လို့ .. လုံအောင်ပိတ်
မျက်စိမှိတ်ပြီး သူငယ်ချင်းအဖြစ်နဲ့ပဲ
ရှေ့ဆက်ချစ်ဖို့ ကြိုးစားတော့မယ်….
မချစ်စဖူး ချစ်ခဲ့ဖူးတဲ့
ချစ်ရတဲ့ သူငယ်ချင်းရေ……
ချစ်မိသွားတဲ့ ... ငါ
နင့်ကိုချစ်တဲ့ အချစ်တွေ
မေတ္တာတွေနဲ့
ငါ့ဘ၀ငါ ပုံစံချထားလိုက်တာ
အချိုးကျနေမှန်း ငါ့ကိုငါတောင်မသိခဲ့ဘူး
နင်ပြောသမျှ ခေါင်းညှိတ်လို့
တိတ်တိတ်လေး ငိုခဲ့ရတဲ့အချိန်တွေ
မဖြစ်နိုင်တာကြီးကိုပဲ
ကြိတ်ကြိတ်ပြီး စိတ်ကူးယဉ်ခဲ့ရချိန်တွေ
ကြာလာတော့ ပုံစံခွက်ထဲကငါ
ပင်ပန်းလွန်းလို့ပါဟာ….
စိတ်ဓာတ်တွေကကျ
နှလုံးသားကလဲ ပုံစံမလှတော့ဘူး …
ခံစားချက် မကျတကျ
ကဗျာလှလှတွေလဲ မသီတတ်တော့ဘူး
ချည်နှောင်ထားတဲ့ ကြိုးက တင်းလွန်းလို့ပါ..
ကျေးဇူးပြုပြီး….
နည်းနည်းလောက်လျှော့ထားပေးပါ
ကြာလာရင် ငါ့နှလုံးသားတွေ
လုံးပါးပါးတော့မယ် ….
ငါ့အချစ်တွေလဲ မျက်ရည်တွေနဲ့
စခန်းသွားရတော့မယ်…..
ဖြစ်နိုင်ရင် …
နင့်နဖူးလေးကို ခပ်ပါးပါးလေးနမ်းပြီး
ငါ့အလွမ်းတွေဖြေချင်တယ်….
နင့်ရင်ခွင်ထဲ မှေးစက်မနေရရင်တောင်
ပစ္စလက်ခက် အမုန်းတွေနဲ့တော့
ရှုံးမနေချင်ဘူး….
ခပ်ဝေးဝေးကပဲ ပြုံးပြုံးလေး
ငေးကြည့်နေပါရစေ….
အရှုံးကြီး ရှုံးမိနေတဲ့ငါ့အတွက်
လက်မကမ်းချင်ရင်တောင်
အကြည့်လေးတစ်ချက်နဲ့တော့
အသိအမှတ်ပြုပေးခဲ့ပါ ….
ဒီပီတိနဲ့ပဲ ငါပြုံးကြည့်နေပါ့မယ်…
နင် ငါ့ကို ကျောခိုင်းသွားတဲ့တစ်နေ့ကျရင်ပေါ့….
04 July, 2010
ခံစားချက်မဲ့ ကာရံ

ဦးနှောက်မရှိတဲ့ ငါ့ခေါင်းထဲကို
ပြာစတွေသာသာရှိတဲ့
ခြ စားနေတဲ့ အတွေးစတွေ
ထိုးထည့်ထားလိုက်တယ်...
ရံဖန်ရံခါ သော့ပိတ်ဖို့မေ့တတ်တဲ့
ဘယ်ဘက်ရင်ဘတ်ထဲက ခံစားချက်မဲ့နေတဲ့
နှလုံးသားကိုလဲ ........
စွန့်ပစ်ခြင်းအမှိုက်ထုတ်ထဲမှာ
စိတ်ချလက်ချ အုပ်ထားလိုက်ပြီ....
ကဲ… ဘာတတ်နိုင်သေးလဲ.......
မျှော်လင့်ချက်ကိုအရည်ဖျော်
ဘ၀ကို မှောက်ရက်တစ်ဖုံ
ဇောက်ထိုးတစ်လှည့်ထားကြည့်မ
အမြင်များပြောင်းသွားမလားလိ
အဲ့ချိန်မှာ…အဟောင်းတွေက ပြန်ကျလာတယ်
တားမရဆီးမရနဲ့ ဦးနှောက်ထဲက
ခြစားနေတဲ့ပြာစတွေကလဲထကြွ
ပြောင်းပြန်အဖြစ်ထားလိုက်တဲ
အဟောင်းတွေက အသစ်ပြန်ဖြစ်လို့
ဝတ်ကောင်းစားလှတွေနဲ့ ကပြနေလိုက်တာ
ဇောက်ထိုးဖြစ်နေတဲ့ဘ၀တောင်
ခုံမင်စရာအတိနဲ့..
ဒါနဲ့.. စဉ်းစားမိတယ် …
ဒီဘ၀နဲ့ ဘယ်အထိနေကြည့်နိုင်မှာလဲ
လူမြင်မှာစိုးတော့
ဘ၀ကို စောင်ခြုံထားရမလိုပဲ
အတွေးတွေက ပရပွနဲ့
Upside down ဖြစ်နေတဲ့ဘ၀မှာ
ဆန္ဒတွေကလဲ မဟားတရားကြီးထွားချင်နေသေး.
ဒါတွေလိုက်တည့်ရင်းပဲ
ရွဲ့ရွဲ့ လာနေတဲ့ဘ၀ကို
ဒီဇောက်ထိုးဘ၀နဲ့ပဲ တစ်စခန်းချထားချင်တယ် ....
လူမသိ သူမသိပဲ
စိတ်ပျက်ခြင်းအတိ
ညှာတာမှုအလျင်းမရှိတဲ့
ခပ်ရိရိ မျှော်လင့်မိခြင်းတွေကို..
မသိတသိလေးပဲ နိဂုံးချုပ်မိတော့မယ်ထင်တယ်
24 June, 2010
"ပုစ္ဆာတစ်ပုဒ်အတွက် စာမျက်နှာတစ်ရွက်"

ဘာရယ်မှန်းတော့မသိ
ခံစားမှုတွေပုံချမိတယ်
်
အမှားအမှန်မသိတဲ့
ရမ်းသမ်းမှန်းဆမှု....
တွေဝေခြင်းကင်းတဲ့
ခပ်ပြင်းပြင်းနှုတ်ဆိတ်ခြင်
ဒါတွေကို စားသုံးရင်း
ငါ့ဘ၀က မှုန်မှိုင်း
ထုံထိုင်းလာတယ်ထင်မိတယ်
အသက်မပါတဲ့ပုစ္ဆာတစ်ပုဒ်ကိုတ
အဖြေကိုမထွက်ထွက်အောင်
ခဲဖျက်နဲ့အတန်တန်ဖျက်နေရတဲ့
ဘယ်အချက်မှ အမှန်ထွက်မလဲဆိုတာ
တောင့်တရင်း
ကြိုးစားပမ်းစားပဲ တွက်ချနေမိတယ်
ခဲဆံတွေလဲကျိုး
ခဲတံလဲ အမျိုးမျိုးပြောင်းခဲ့ရပါပြ
ဒါတောင် လိုချင်တဲ့အဖြေမရ
ဘာများဆက်လုပ်ရပါ့မလဲ …..
အဖြေကိုလိုချင်မိတော့
စာမျက်နှာကျော်ပြီးလှန်ကြည်
ဒါလဲထူးမခြားနား
အားလုံးက ပုစ္ဆာအပြည့်နဲ့ချည်းပါပဲလား
ထူးခြားချက်က .......
တစ်ပုဒ်နဲ့တစ်ပုဒ်များအခြေခ
မှတ်ချက်…….
(စာမျက်နှာကျော်လှန် သူများအတွက်တဲ့)
ဖတ်ကြည့်လိုက်တော့…
နောင်တရမိသွားတယ်…
ရလဒ်က......
ပုစ္ဆာအကုန်လုံးကို အစကပြန်တွက်ရမယ်တဲ့ဗျာ
တစ်ခါတစ်လေတော့လဲ ကံကြမ္မာဆိုတာကြီးကို
နာကျည်းမိချင်သား
လူဆိုတဲ့အမျိုးကလဲ လောဘကတက်
စောဒက အထပ်ထပ်နဲ့ဆိုတော့
အချိန်မတန်ခင်
စာမျက်နှာကျော်လှန်မိလိုက်ပ
ဒီတော့ အစက ပြန်သွား
တစခန်းနားရပြန်ရောပေါ့ဗျာ….
ဘာပဲဖြစ်ဖြစ်......
ကျွန်တော်တော့ ဒုတိယမြောက်
ပုစ္ဆာကိုတွက်နေတုန်းပဲ
ဖော်မြူလာ အမျိုးမျိုးသုံး
သိသမျှ မှတ်သမျှတွေ အတုံးအရုံးအသုံးချလို့
ခဲခြစ်ရာတွေ ပရပွ မရစေဖို
ကျွန်တော့စာမျက်နှာလေးလှအော
အစွမ်းကုန် ခြယ်သ,ရ ဦးမယ်…
18 June, 2010
အမေ့အိမ်သို့..တမ်းချင်း

သူငယ်ချင်းရေ....
တစ်ချိန်တုန်းက တခမ်းတနားနဲ့
မိဘအရိပ်အောက်မှာ...
မျက်ရည်ဆိုတာ ခြောက်ခန်း
အပြုံးပန်းတွေနဲ့
ငါတို့ပျော်ခဲ့ဖူးတယ်...............
အပူအပင်ဆိုတာမရှိ
မေမေ့ရဲ့ကရုဏာအထိအတွေ့
ဖေဖေ့ရဲ့ အကြင်နာအကြည့်တွေမှာ
ငါတို့ပျော်ဝင်ဖြတ်သန်း
မမောမပန်းပဲ လျှောက်လှမ်းခဲ့ကြဖူးတယ်......
သူငယ်ချင်းရေ........
အဲ့လိုအပြုံးပန်းတွေနဲ့ဘဝ
နွေးထွေးတဲ့အရသာ
ကြင်နာတဲ့အထိအတွေ့
ငါတို့ဘယ်နေ့ပြန်တွေ့နိုင်ပါ့မလဲ ................
တစ်ချိန်တုန်းက ငယ်ဘ၀တွေတွေးရင်း
လွမ်းဆွတ် တမ်းတမိတယ်......
အရွယ်လေးမရောက်တရောက်
ပညာလေးမတောက်တခေါက်နဲ့
မိဘရင်ကိုစုံကန်
ငါတို့အပျံသင်ခဲ့ကြရတယ်
ရင်ငွေ့နွေးနွေးရဲ့ ခပ်ဝေးဝေးမှာ
ပညာရေးဆိုတာကို အကြောင်းပြ
ငါတို့ဘ၀တွေ ...
မိသားစုနဲ့ဝေး
အေးစက်စက် ဘ၀အိပ်ယာထက်မှာ
တစ်နယ်ဝေးက
မေမေပေးတဲ့ခွန်အားတွေနဲ့
အသက်ဆက် ...
မနက်မနက်ဆိုတာတွေကိုဖြတ်သန်း
တစ်နေ့တစ်လံ
ပုဂံဘယ်ရွေ့မလဲ ဆိုတဲ့စိတ်နဲ့လှမ်းရင်း....
အကြင်နာအပြည့်နဲ့ အမေ့အိမ်လေးကိုလွမ်းတယ်
စေတနာပရပွနဲ့ မေမေ့လက်ရာ ချိုမြမြတွေကို သတိရတယ်
အကြင်နာအလှနဲ့ တောက်ပခဲ့ဖူးတဲ့
မိသားစုဘ၀လေးကို တောင့်တတယ်
ဆုတောင်းခွင့်တစ်ခုသာရခဲ့ရင်...............
မေမေရဲ့.....
ငြင်သာဖွဖွ တယုတယအနမ်းတွေနဲ့
အခက်ခဲတိုင်းကို ရှေ့ဆက်လှမ်းနိုင်မဲ့
ခွန်အားတွေနဲ့
ဘ၀ကိုဆက်သွားပါရစေ....
16 June, 2010
ချစ်ခြင်းနဲ့ စစ်ခင်းခြင်း

ခပ်ကြမ်းကြမ်း သတိရမှုတွေ ဘေးအသာချ
အထာမကျတဲ့ ယောင်ချာချာအတွေးတစ်စနဲ့
ဟိုအရင် လှုပ်ရွရွ အလွမ်းတွေက
မျက်လွှာအသာချလို့
ပျင်းရိမှုနဲ့ ဆန္ဒပြနေလေရဲ့........
တစ်ထောင့်တစ်ညထက်သာတဲ့
လူတကာရဲ့မှတ်ချက်တွေကလဲ
သေသပ်မှုကင်းကင်းနဲ့ပဲ
ငါ့ခံစားချက်ကိုတက်နင်းလာကြတယ်
ငါလူမိုက်ဖြစ်သွားမှာပေါ့
ဘာပဲဖြစ်ဖြစ် ........
ငါ့အတွေးနဲ့ငါတော့
မှေးစက်လို့ကောင်းနေတုန်းပဲ
ဘယ်သူတွေဘာပြောပြောပေါ့
ငါ့အတွက်တော့...
ချစ်ခြင်းဆိုတာ အပြစ်ကင်းတယ်
ရှင်းရှင်းလေးနဲ့လဲ ပူပြင်းစေတယ်
အရက်ပြင်းတစ်ခွက်လို ...
သောက်ရင်းနဲ့လဲ မှောက်တတ်သေးတယ်...
နှောက်ယှက်ခြင်းကင်းတဲ့
ငါ့ခံစားမှုလျှောက်လမ်းကျဉ်
တင်းခံနေတဲ့ မပီဝိုးဝါးစကားတွေကို
ပစ်ချ ပြုတ်ကျစေတတ်တဲ့
နှလုံးသားရဲ့ လောက်လေးခွတစ်လက်
တစ်ခါတစ်လေကျတော့လည်း.....
ခပ်သွက်သွက်နဲ့ ရင်ဘတ်ထဲက
စည်းချက်တွေကို ပုတ်ခတ်ပြတတ်သေးတယ်
လစ်လျူရှုမိရင်လဲ
မူပြီးကောက် ဆူပြီးဆောင့်ချင်သေးတာ
ဖျောက်ပစ်ဖို့လဲ လက်သည်မပေါ်ပဲမရ
ရော်....ခက်လှချည်ရဲ့....
နှလုံးသားတံခါးကိုဆောင့်ကန်
အကြံအသစ်အသစ်တွေနဲ့ ၀င်နေတဲ့ ဒီ "အချစ်"
ငါဘယ်လိုသတ်ပစ်ရပါ့မလဲ
ဒါကိုပဲတစ်နေ့တစ်နေ့စဉ်းစား
ငါ့နှလုံးသားလဲ လုံးပါးပါးလာပြီ.......

