
အမည်ခံဆောင်းရဲ့ လွှမ်းမိုးမှုအောက်မှာ
လွင့်ဝဲနေတဲ့ ပြာ စတွေ ..
မကုန်လွန်သေးတဲ့နှစ်တစ်နှစ်ရဲ့ ဟားတိုက်သံတစ်ချို့
ကြိုတင်စီစဉ်မှု မရှိတဲ့ ဒီစစ်ဆင်ရေးမှာ
မျက်စိသူငယ်နားသူငယ်နဲ့ ဒီဇင်ဘာဟာ
ခပ်စိမ်းစိမ်းလေး ချိုးခံလိုက်ရတယ် …
ခင်ဗျား သန္ဓေမှားခဲ့သလား ဒီဇင်ဘာ ..
အမှတ်တမဲ့ရိုက်ချက်က နာလွန်းတော့
စုတ်ပြတ်သတ်တဲ့ ရင်ခွင်တွေမှာ
သွေးစက်တွေ ထင်စေခဲ့ပြီ….
မာရ်နတ်နဲ့ စပ်ထားတဲ့ ဒီရာသီဟာ
အနာဂတ်တွေကို အမှောင်ချ
ရှင်သန်ခြင်းတစ်ချို့တစ်ဝက်ကို
ပြာပွင့်တွေနဲ့အတူလွင့်စေခဲ့သလား…
လွင့် …စေ …ခဲ့..သ လား… ဒီဇင်ဘာ
အသက်နဲ့လောင်းကြေးထပ်ခဲ့တဲ့ကစားပွဲမှာ
အားကိုးမရှိရှာတဲ့ မျက်နှာတွေကို
လောကအလယ်မှာ …….
ခင်ဗျားရက်ရက်စက်စက် နင်းချေ ပစ်ထားရက်ခဲ့သလား..
ပြာပွင့်တစ်ပွင့်စီတိုင်းမှာ
မျှော်လင့်ချက်တွေ မျော ပါ သွားခဲ့တယ်ဆိုတာကိုတော့
ခင်ဗျား သိသင့်တယ် ဒီဇင်ဘာ .......
ပြက္ခဒိန်တစ်ခုကို လှပ်ဖို့ မိနစ်ပိုင်းအလို…
ဒီဇင်ဘာဟာ တိတ်ဆိတ်စွာ
မီးလောင်တိုက်သွင်းခံရပြီးတဲ့နောက်
ညဉ်းတွားအော်ဟစ်သံတွေကြားမှာ
စိတ်ထိခိုက်စွာနဲ့ပဲ
ကျုပ်တို့၂၀၁၁ ရဲ့နိဂုံးဟာလည်း ပြာ ..အ ..တိ ဖုံး သွားခဲ့ရပြီ။
နှုတ်ဆက်ပါတယ်.. ဒီဇင်ဘာ ....
ထင်ရာ စိုင်းခဲ့တဲ့ ဒီသမိုင်းမှာ တော့
ခင်ဗျားဟာ သန္ဓေမှားခဲ့တဲ့ ရာသီ တစ်ခု ပါ ပဲ ...
စူးရှအိမ် ( 10:03pm , 1/1/2012)
0 comments:
Post a Comment