၃ နဲ့ ၄ လို ကျောခိုင်းနေရုံလောက်နဲ့တော့
သဘာဝတရားအရ ညီညာနေတဲ့ သုညတွေကို
ကျွန်တော် ဖောက်ခွဲမပြချင်ဘူး ......
လူသုံးများနေတဲ့ အကြောင်းအရင်းခံဆိုတာ
တကယ်တော့ ချောင်ပိတ်သတ်မဲ့
ပဉ္စလက် လှည့်စားချက် သက်သက်ပဲ.....
အမှားအမှန် အသွားအပြန်ဆိုတာကို ယုံကြည်ထားတဲ့
ကျွန်တော့်အတွက်တော့.....
ဒါဟာနေ၀င်ချိန်ပါဆိုတာကိုလက်ခံဖို့
လောကထဲမှာရှိတဲ့ဆန့်ကျင်ဘက်တရားတွေ
အရင် ပ, ပျောက်သွားဖို့လိုအပ်တယ် ....
စူးရှအိမ် (၀၉:၀၉pm)..20/10/201
04 January, 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment