04 January, 2012

နက္ခတ်တစ်ချို့ရဲ့ ဒိုင်ယာရီ

လက်ခတ်သံခပ်ပြင်းပြင်းတွေ

အပ်နှင်းခံရတာ ကြာတော့

အမှတ်အသားတစ်ချိုနဲ့ ဒီရင်က

အလိုမတူပဲ ရိုင်းတတ်လာတယ်....

ဒီမှတ်တိုင်တစ်ချို့ရဲ့ နောက်ကွယ်မှာ

အလိုမတူပဲ ကတဲ့ဇာတ်က

နွေဆန်ဆန် ခါးသက်နေတတ်လေရဲ့....

ပြန်လမ်းမဲ့ဒီအခြင်းအရာထဲ

သက် ဆိုင် သည် ဖြစ်စေ .....မ သက် ဆိုင် တော့ သည် ဖြစ်စေ။။

အဆွဲအငင်လှတဲ့ ကကြိုးတွေရဲ့လက်မှာ

အိပ်မက်တွေ အပိုင်းပိုင်းပြတ်ခဲ့လည်း

ကျုပ်ဆိုတဲ့ကောင်က………

ဒီလမ်းကိုမှ တရှိုက်မက်မက် ဖက်တွယ်နေတတ်တုန်း...

တကယ်တော့ …

ကျုပ်က လူမိုက်ပါလမင်းရယ်

ပြုစားတတ်တဲ့ နက္ခတ်ကိုမှ

အိမ်ဦးခန်းထားလို့

တယုတယ ကိုးကွယ်နေချင်ခဲ့တာ ....

စူးရှအိမ် (11:45pm) 20/12/2011 .

0 comments:

Post a Comment