
ရောင်ဝါစီ ရှုမငြီး
ရွှေအဆင်းနဲ့ထုံသင်းလှပါတဲ့ရွှေပြည်..
ငါ့ပြည် ငါ့ရွာ ငါ့မြေသာဟု
ရော်ကာတမ်းမိ၊
လွမ်းလှဘိသည် အို ဘယ့်ရွှေပြည်။
သူ့ပြည် သူ့ရွာ သူ့ဌာနေကား
အလှထောင်ပေါင်း၊ သောင်းသောင်းဖျဖျ
ကြွယ်ဝ လှမူ ၊သူ့ပြည်ခဏ
ထိုအတ္တကြား၊ပူဆွေးမပြေ
ရတက်မအေး၊ စိတ်ဝမ်းမလှ
မချမ်းမြသည်သာ၊ ရှိလေစွာ၏။
ငါ့ပြည်ငါ့ရွာ ငါ့ဌာနေကား
အုပ်မိုးနေခြည် မေတ္တာရည်နှင့်
ညီခြုံထွေးဖက် အကြင်နာစွက်ကာ
စေတနာမြတ်ကောင်း၊သောင်းသောင်းဖျဖျ
ဘ၀ဂ်ညံစွ ကြည်လင်လှဘိ
ငြိမ့်ညောင်းသံစာ စည်ပင်သာလှ
ထိုရပ်ရွာ အား
လှမ်းလာလိုမိ နေမထိသည်
အိုဘယ့် ရွှေပြည်။
လယ်ယာ သိုင်းချောင်း၊ ရှုမညောင်းသည့်
စိမ်းလမ်းသာယာ ထိုပြည်သာသည်
ကျောင်းပြသာဒ် အပေါင်း ထိုတန်ဆောင်းနှင့်
အိုးစည်သံခြိမ့် စေတနာအရိပ်ဝယ်
ရွှေအဆင်းထုံဖျ သာလှပေသည်
အို ဘယ့်ရွှေပြည်။
ဥဒေါင်းပျိုမ
သည်မြေလှ အား
မိုင်ယူဇနာ ထိုအကွာမှ
ရော်ရည် စိတ်မှန်း ၊ မှန်းမျှော်တမ်း၍
ရင်ဝယ်တ, သ၊ လွမ်းရပါသည်
အို ဘယ့် ရွှေပြည်။
စူးရှအိမ် (၁၉၊၁၊၂၀၁၂) ကြာသပတေးနေ့ 08:35pm
0 comments:
Post a Comment