နွေဆန်တဲ့ဥသြရေ
မာန်မပြေတဲ့ ရာသီဦးက
ရော်ရည်မှန်းစတွေမှာ
တစ်စုံတစ်ရာနဲ့အတူများ ….
နင်.. လွင့်လာလေမလား။
လျှောက်ပြန်သံပေး
မြောက်လေ သွေးသံက
ဆံနွယ်စတစ်ချို့ကိုများ
နင့်ထံ လွင့်ဝဲရိုက်ခတ်သွားစေမလား …
မပီပြင်တဲ့ လေရူးအဝှေ့မှာ
အသံတိတ် ပဲ့တင်သံတစ်ချို့ နဲ့
ဒီနွေဦးရဲ့ စေတသိတ်
ခပ်ဆိတ်ဆိတ်လေး
ကြွေ….လွင့် ..ခဲ့ပြီ ……ဥသြရယ်….
ရံဖန်ရံခါတွေ
ခလုတ်တိုက်သွားတိုင်း
ဆိုညည်းသံသဲ့သဲ့မှာ
ငါ ဆို တဲ့ ငါ က……
တစ်ကိုယ်ရည်စာမှားရုံလေး
ရူး…. တယ် ..ဥသြရယ်
တိမ်တွေဝေး..ဝေး….သွားတိုင်း
လေနုအေးအေးတွေ ဖြတ်ပြေး….သွားတိုင်း
ကဗျာရနံ့တွေနဲ့ဆက်နွယ်နေတတ်တဲ့
အဲ့ဒီ လက်ဝဲဖက်အိတ်ကပ်လေးနား
ဟိုးးး အဝေးက
ငါ ……….
တိတ်တိတ်လေး လွင့်ပါးလာချင်ရဲ့ဟာ ……
စူးရှအိမ်...(၀၈း၅၂..၁၇၊၃၊၂၀၁၂..စနေနေ့)
17 March, 2012
23 January, 2012
သူငယ်ချင်းထံသို့..ပေးစာ
ဒီအရပ်မှာ
မင်းကြိုက်တဲ့ဒေါ်လာတွေ
ပေါပါတယ် သူငယ်ချင်း …
စေတနာ တရားပါတဲ့ နှလုံးသားက တော့
ကောက်ရိုးပုံထဲ အပ်ရှာရသလိုပဲ သူငယ်ချင်း ……
ဒီအရပ်မှာ
မင်းအထင်ကြီးတဲ့
ထိန်ထိန်ငြီးမီးတွေနဲ့
မိုးမျှော်တိုက်တွေပုံလို့ သူငယ်ချင်း …..
စာနာတတ်တဲ့မေတ္တာတရားကိုတော့
မီးအိမ်ထွန်းပြီးနေ့ဘက်လိုက်ရှာ
မင်း…
ထမင်းထုပ်သိုးသွားမယ် သူငယ်ချင်း ……..
နယ်နိမိတ်စည်းတစ်ခု ခြားသွားတဲ့အခါမှ
ပိုင်ဆိုင်သမျှ အရာရာက
တန်ဖိုးတက်လာသတဲ့လား သူငယ်ချင်း…..
အတုအယောင်နဲ့ ပိန်းပိတ်အောင် မှောင်နေတဲ့
ဒီနေရာက
နေ့ဘက်ပေမဲ့လည်း လမ်းပျောက်တတ်တယ် သူငယ်ချင်း ….
ကိုယ့်ရေ ကိုယ့်မြေမှာ
ကိုယ့်အမေ ချက်တဲ့ထမင်းမစားရပဲ
သူ့ဆန်စားရဲရတဲ့
ကျွန်ခံဘ၀မှာ မင်းသာယာချင်သလားသူငယ်ချင်း ……
မင်းရှေ့မှာ ဒေါ်လာပုံထပ်နေပေမယ့်
အကျိုးလိုမှ အကြောင်းလုပ်တတ်တဲ့
ဒီတနပ်စာ ထမင်းစားခွက်က
ငါတို့အမိမြေက
ရေကြည်တစ်စက်ထက်မသာဘူးသူငယ်ချင်း ….
အတုအယောင်အိပ်မက်မှာ
မမျောတတ်နဲ့သူငယ်ချင်း
တံလျှပ်ကို ရေထင် မိလို့
နောင်တ တွေ တနင့်တပိုးရလာတဲ့အခါ
မိအေး နှစ်ခါနာ ဘ၀နဲ့
စုပ်လဲဆူး စားလဲ ရူးဖြစ်နေရတဲ့
ဒေါ်လာစားဘဝ
ကျေးဇူးပြုပြီး…အားမကျလိုက်ပါနဲ့သူငယ်ချင်း …
ဆုတ်ကိုင်မိတဲ့အရာကိုတန်ဖိုးထား
မလျှော့တဲ့ဇွဲ ခွန်အားနဲ့
မင်း ကြိုးစားပြလိုက်ပါသူငယ်ချင်း
အချိန်တန်အိမ်ပြန်လို့ ….
ကိုယ့်ခြေထောက်ပေါ်မတ်မတ်ရပ်တည်နေတဲ့မင်းမျက်နှာ
ငါမြင်ရတဲ့အခါ …
ဒါဟာ ငါ့သူငယ်ချင်းပါလို့ ….
ဝမ်းသာအားရ ပုခုံးဖက်လို့ …….
ဂုဏ်ယူဝင့်ကြွားစွာ နှုတ်ဆက်ပါရစေသူငယ်ချင်း …….
စူးရှအိမ် (6/1/2012)...2am
မင်းကြိုက်တဲ့ဒေါ်လာတွေ
ပေါပါတယ် သူငယ်ချင်း …
စေတနာ တရားပါတဲ့ နှလုံးသားက တော့
ကောက်ရိုးပုံထဲ အပ်ရှာရသလိုပဲ သူငယ်ချင်း ……
ဒီအရပ်မှာ
မင်းအထင်ကြီးတဲ့
ထိန်ထိန်ငြီးမီးတွေနဲ့
မိုးမျှော်တိုက်တွေပုံလို့ သူငယ်ချင်း …..
စာနာတတ်တဲ့မေတ္တာတရားကိုတော့
မီးအိမ်ထွန်းပြီးနေ့ဘက်လိုက်ရှာ
မင်း…
ထမင်းထုပ်သိုးသွားမယ် သူငယ်ချင်း ……..
နယ်နိမိတ်စည်းတစ်ခု ခြားသွားတဲ့အခါမှ
ပိုင်ဆိုင်သမျှ အရာရာက
တန်ဖိုးတက်လာသတဲ့လား သူငယ်ချင်း…..
အတုအယောင်နဲ့ ပိန်းပိတ်အောင် မှောင်နေတဲ့
ဒီနေရာက
နေ့ဘက်ပေမဲ့လည်း လမ်းပျောက်တတ်တယ် သူငယ်ချင်း ….
ကိုယ့်ရေ ကိုယ့်မြေမှာ
ကိုယ့်အမေ ချက်တဲ့ထမင်းမစားရပဲ
သူ့ဆန်စားရဲရတဲ့
ကျွန်ခံဘ၀မှာ မင်းသာယာချင်သလားသူငယ်ချင်း ……
မင်းရှေ့မှာ ဒေါ်လာပုံထပ်နေပေမယ့်
အကျိုးလိုမှ အကြောင်းလုပ်တတ်တဲ့
ဒီတနပ်စာ ထမင်းစားခွက်က
ငါတို့အမိမြေက
ရေကြည်တစ်စက်ထက်မသာဘူးသူငယ်ချင်း ….
အတုအယောင်အိပ်မက်မှာ
မမျောတတ်နဲ့သူငယ်ချင်း
တံလျှပ်ကို ရေထင် မိလို့
နောင်တ တွေ တနင့်တပိုးရလာတဲ့အခါ
မိအေး နှစ်ခါနာ ဘ၀နဲ့
စုပ်လဲဆူး စားလဲ ရူးဖြစ်နေရတဲ့
ဒေါ်လာစားဘဝ
ကျေးဇူးပြုပြီး…အားမကျလိုက်ပါနဲ့သူငယ်ချင်း …
ဆုတ်ကိုင်မိတဲ့အရာကိုတန်ဖိုးထား
မလျှော့တဲ့ဇွဲ ခွန်အားနဲ့
မင်း ကြိုးစားပြလိုက်ပါသူငယ်ချင်း
အချိန်တန်အိမ်ပြန်လို့ ….
ကိုယ့်ခြေထောက်ပေါ်မတ်မတ်ရပ်တည်နေတဲ့မင်းမျက်နှာ
ငါမြင်ရတဲ့အခါ …
ဒါဟာ ငါ့သူငယ်ချင်းပါလို့ ….
ဝမ်းသာအားရ ပုခုံးဖက်လို့ …….
ဂုဏ်ယူဝင့်ကြွားစွာ နှုတ်ဆက်ပါရစေသူငယ်ချင်း …….
စူးရှအိမ် (6/1/2012)...2am
သမိုင်းတွင်တဲ့နေ့...
ဒီနေ့
သမိုင်းတွင်တဲ့နေ့
ချိုးဖြူတောင်ပံခတ်သံတွေ အပြိုင်
ခွပ်ဒေါင်းတွေလည်း တွန်နိုင်ခဲ့ပြီ …မေမေ ..
မေမေရင်ခွင်မှာ မှေးစက်ဖို့
ချိုးဖြူငှက်တွေ အားနဲ့မာန်နဲ့ ပျံသန်းလာကြပြီမေမေ …
မေမေ့နှလုံးသားကို အသက်သွင်း
မာန်ဟုန်ပြင်းပြင်းနဲ့
ကျက်သရေရှိလှတဲ့
ဒေါင်းပျိုမ မေမေ့ရင်ခွင်မှာ
ခွပ်ဒေါင်းအလံ တွေနဲ့အလှဆင်လို့
လွတ်လပ်ခြင်းသဘောတရားကို ရှိုက်သွင်းဖို့
ဆိုင်းပြင်းနေကြပြီမေမေ …..
အသက်ရှူရတာခြင်းအတူတူ
မြန်မာဆိုရင်မှ ငါးပြားလျှော့ပေးချင်ကြတဲ့
ခေါ်င်းငုံ့ ဖိနှိပ်ခံဘ၀က
ကျွန်တော်တို့လွတ်ရတော့မယ် မေမေ ….
ကျွန်တော်တို့ဖခင် နှလုံးသွေးနဲ့ စာစီခဲ့တဲ့
လွတ်လပ်ရေးဆိုတဲ့ ဝေါဟာရ
ကျွန်တော်တို့တစ်ခါပြန်ရပြန်ပြီ မေမေ ….
တဖိတ်ဖိတ်လက်နေတဲ့အနာဂတ်မှာ
ရာဇ၀င်ကြွေးတွေကို
နှလုံးသွေးနဲ့ရေး
လိုရာပန်းတိုင်မှာ အောင်လံစိုက်နိုင်ဖို့
မေမေ့ရေ မေမေ့မြေမှာ မေမေ ပေးတဲ့အတတ်ပညာနဲ့
လူဖြစ်ခဲ့ရတဲ့ကျုပ်တို့ မြန်မာတွေ
လက်ခမောင်းခတ်ရတော့မဲ့နေ့အတွက်
ဂုဏ်ယူပါ မေမေ …..
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေလို့
ဟစ်သီရင်း မျက်ရည်စက်တွေ ကြားမှာ
မျှော်လင့်ချက်တွေ တဖိတ်ဖိတ်လက်
ကျုပ်တို့ဟာ မြန်မာပါလို့
ကမ္ဘာကို ဟစ်သီနိုင်ဖို့ ….
ကျုပ်တို့သွေးတွေ လိုတာထက် နီစွေးခဲ့ပြီမေမေ ….
စူးရှအိမ် (၁၃ ဇန်န၀ါရီ ၂၀၁၂..သောကြာနေ့) 13:14hrs
သမိုင်းတွင်တဲ့နေ့
ချိုးဖြူတောင်ပံခတ်သံတွေ အပြိုင်
ခွပ်ဒေါင်းတွေလည်း တွန်နိုင်ခဲ့ပြီ …မေမေ ..
မေမေရင်ခွင်မှာ မှေးစက်ဖို့
ချိုးဖြူငှက်တွေ အားနဲ့မာန်နဲ့ ပျံသန်းလာကြပြီမေမေ …
မေမေ့နှလုံးသားကို အသက်သွင်း
မာန်ဟုန်ပြင်းပြင်းနဲ့
ကျက်သရေရှိလှတဲ့
ဒေါင်းပျိုမ မေမေ့ရင်ခွင်မှာ
ခွပ်ဒေါင်းအလံ တွေနဲ့အလှဆင်လို့
လွတ်လပ်ခြင်းသဘောတရားကို ရှိုက်သွင်းဖို့
ဆိုင်းပြင်းနေကြပြီမေမေ …..
အသက်ရှူရတာခြင်းအတူတူ
မြန်မာဆိုရင်မှ ငါးပြားလျှော့ပေးချင်ကြတဲ့
ခေါ်င်းငုံ့ ဖိနှိပ်ခံဘ၀က
ကျွန်တော်တို့လွတ်ရတော့မယ် မေမေ ….
ကျွန်တော်တို့ဖခင် နှလုံးသွေးနဲ့ စာစီခဲ့တဲ့
လွတ်လပ်ရေးဆိုတဲ့ ဝေါဟာရ
ကျွန်တော်တို့တစ်ခါပြန်ရပြန်ပြီ မေမေ ….
တဖိတ်ဖိတ်လက်နေတဲ့အနာဂတ်မှာ
ရာဇ၀င်ကြွေးတွေကို
နှလုံးသွေးနဲ့ရေး
လိုရာပန်းတိုင်မှာ အောင်လံစိုက်နိုင်ဖို့
မေမေ့ရေ မေမေ့မြေမှာ မေမေ ပေးတဲ့အတတ်ပညာနဲ့
လူဖြစ်ခဲ့ရတဲ့ကျုပ်တို့ မြန်မာတွေ
လက်ခမောင်းခတ်ရတော့မဲ့နေ့အတွက်
ဂုဏ်ယူပါ မေမေ …..
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေလို့
ဟစ်သီရင်း မျက်ရည်စက်တွေ ကြားမှာ
မျှော်လင့်ချက်တွေ တဖိတ်ဖိတ်လက်
ကျုပ်တို့ဟာ မြန်မာပါလို့
ကမ္ဘာကို ဟစ်သီနိုင်ဖို့ ….
ကျုပ်တို့သွေးတွေ လိုတာထက် နီစွေးခဲ့ပြီမေမေ ….
စူးရှအိမ် (၁၃ ဇန်န၀ါရီ ၂၀၁၂..သောကြာနေ့) 13:14hrs
သံစဉ်နှင့်အတူ ကူးခတ်ခြင်း

ဟောင်းနွမ်းဖူးပေမယ့်
လက်လေးတစ်ဖက်ရဲ့ ရာဇ၀င်မှာ
တထိတ်ထိတ်နဲ့ ပျော်ဝင်ခဲ့သလိုမျိုး
ငါ့ အတိတ်က ..ပါးပါးလေးနဲ့ ခါးတယ် … မာယာ
သုညတွေနဲ့ ဖွဲ့စည်းထားခြင်းဟာ
ဘယ်သူ့ကိုမှ အပြစ်တင်လို့မရတဲ့
လောင်းကစားပွဲတစ်ခုဆိုတာ …
နင်သိသင့်တယ် …. မာယာ ..
ငါဟာ တစ်ကောင်ကြွက်ပါဆိုတည်းက
ရသတစ်ခုကို တီးခတ်ဖို့
လောကထဲကို အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့
ခရီးထွက်လာတဲ့လူမှန်း …
ဒီကံကြမ္မာအစမှာ …
ငါအတိအလင်းရှင်းပြခဲ့ဖူးပါတယ်မာယာ ….
လက်ဗလာနဲ့ရယ်သွမ်းသွေးတတ်တဲ့
ငါ့လမ်းတစ်ချို့က
လွယ်မယောင်နဲ့ ကောက်ကွေ့တတ်သေးရဲ့ မာယာ …
နင်မပေးပဲ ငါစားခဲ့တဲ့အဆိပ်
ငါ့ဝိဥာဉ်ကို တိတ်တိတ်လေးသိပ်သွားတဲ့အခါ ..
ငါမကြားနိုင်တဲ့အရပ်မှာ ….
နင်သီချင်းတစ်ပုဒ်နဲ့ ပျော်မြူးနေပါ မာယာ …
နင်ပြောတဲ့ဘုရားစာထဲက
လမ်းများခဲ့တဲ့မာရ်နတ်တစ်ကောင်လို
ငါ့ကောင်းကင်မှာ သောကြာကြယ်တွေ
မတန်တဆ မြူးလာတဲ့အခါ ..
ငါလဲ မြောက်အရပ်မှာ လမ်းရှာရင်း
လမ်းပျောက်......
အရပ်ရှစ်မျက်နှာ အရောက်မှာ
ခြေရာနောက်နောက်တွေက ….
ပြန်လမ်းမရှိတဲ့ ၀င်္ကပါထဲကိုပဲ ဆွဲ..ဆွဲ ... ခေါ်သွားပြန်တယ် မာယာ …..
ငါဟာ တေလေ တစ်ကောင်ပါ မာယာ
နင့်ရဲ့အသုံးတော်ခံ ရုပ်သေးရုပ်ဘ၀မှာ
သုံးရာသီလုံးကို အမှောင်ချ
နင်တရားဝင် စွန့်ကြဲဖူးတဲ့
မဲ့ပြုံးတစ်စုံနဲ့တင် ....
ငါဆိုတဲ့ကောင်က
ရှေ့ဖြစ်နောက်ဖြစ်တွေနဲ့တောင် စီးချင်းတိုက်ချင်သေးတဲ့ကောင်…
စူးရှအိမ် (1:45am) 15/1/2012 ..Sunday
Letter To ..Mi Amor

Since we met
Every single day I asked you
What does “I” mean to you?
You said “I” means everything to you
You meant it
I was fall for it …..
Every single word that you said
I locked it and keep it somewhere deep inside
Days make Days far away
Miracle makes us falling apart
But I keep it, Warm it and hold it tightly because I still need it.......
It’s my vital
Most crucial thing that I ever had
Days are passing away
I thought the thing that we found is still on the way
But Today!!!!
You took away my breath
You killed my strength
You weaned off my happiness....
Surprisingly!!!
You changed like weather
You transformed to a murderer
You crushed me like a paper
You dropped me like a feather
Sadly!!!
I asked you again
What does “I” mean to you now?
You are just starring me bluntly
I hope you did not mean it but I saw it
“I” means nothing to you now
You told me things will change day by day
Dear Tesoro!!!!
The truth is things will never ever change
But we changed
Our words changed
Our hearts changed
Our love changed
Intimacy is just melting in between of love and hate
You should know I meant it
Mi Amor,
In this game,
You are the holder of victory
You are great survivor
But I am totally loser
I scared to reveal
For my sake, I requested
Please kindly don’t look back
You used to know I hate lying alone on the maple leaves
I won’t let you see my suffer Mi amor…..
Now my blood is bitter and bitter
I lost my sense of humor
Loneliness is nearer and nearer
Now, I become a hater of being falling in love
I do really mean it Mi Amor
I just want to say
"Adiós mi amor"
" Ti Amor Tesoro "…..
Sue Sha Eain (16/1/12/1303hrs,Monday)
ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာ
ငါ့လူမျိုး
ငါ့ဘာသာ
ငါ့သာသနာ
ငါချစ်တာပေါ့ …
ငါလဲ လူပဲ
ဒီမြေမှာမွေး ..ဒီရေသောက်လို့ …
ဒီအမိမြေမှာ လူလားမြောက်ခဲ့တာပဲ …
မင်းတို့ ချစ်သလို ငါလဲ ငါ့တိုင်းပြည်ကိုငါချစ်တယ် ….
ဒီအချိန်က
ငါ ငါ ချင်းဆန္ဒပြရမဲ့အချိန်မဟုတ်ဘူး …..
ငါ ငါ ချင်း သတ်ဖြတ်ရမဲ့အချိန်မဟုတ်ဘူး ….
ငါ ငါ ချင်းပေါင်းစည်း
တစ်လှေတည်းစီး တစ်ခရီးတည်းသွားရမဲ့ အချိန် ….
သူငယ်ချင်းရယ် ..
မင်းနဲ့ငါက ပန်းတိုင်တစ်ခုတည်းကို ပစ်မှတ်ထားတာပါ ….
ဘာကြောင့်မို့ ကျောခိုင်း လှော်နေကြမလဲ …
ပုပ်နေတဲ့ ငါးခုံးမကို ပဲ ဖယ်ချလိုက်စမ်းပါ
သူ့အပုပ်နံ့နဲ့
ငါ့တို့စိတ်တွေညစ်နွမ်းမခံပါနဲ့ .. သူငယ်ချင်း
ငါ ငါချင်းပေါင်းလို့ ဖြစ်လာမဲ့ငါတို့တစ်တွေ
လက်ကိုမြဲမြဲတွဲလို့
ဝင်လာသမျှ အန္တရာယ်ပေါင်းလို့ကာကွယ်ကြရအောင်လား သူငယ်ချင်း ……
ငါ ဆိုတဲ့မာန်စွဲနဲ့ ခေါင်းမော့ရင်ကော့လို့
မင်း သီကြူးချင်တဲ့အခါ …
မအေးသေးတဲ့ စစ်ဒဏ်တွေကြားက
သူတို့ မျက်နှာ မင်းမြင်ယောင်ကြည့်လိုက်စမ်းပါ …
ပညာရည် မပြည့်ဝလို့ အသိဥာဏ်ချို့တဲ့ရှာတဲ့
ငါတို့ထဲက ငါတို့ လေးတွေကို မင်းမြင်ယောင်ကြည့်လိုက်စမ်းပါ ….
မိတကွဲဖတကွဲနဲ့ ညှိုးငယ်နေရှာတဲ့ သူတို့မျက်နှာတွေ
မင်း အသိထဲ ခပ်ရေးရေးလေး တွေးကြည့်လိုက်စမ်းပါ ….
မင်းထမင်းဝနေပေမယ့် …သူတို့မှာ ဆန်ရှာမရဘူး သူငယ်ချင်း
မင်းအဲကွန်းအောက်မှာ ပညာသင်ရပေမယ့်
သူတို့မှာ ကကြီးကခွေးမရေးတတ်ရှာဘူးသူငယ်ချင်း …..
သူတို့ အနာဂတ်တွေ အမှောင်ကနေ လင်းလာဖို့
ဆောင်ကြဉ်းပေးရမှာ ငါတို့တာဝန် …
မင်းမှတ်မိလားသူငယ်ချင်း ….
ငါတို့ငယ်ငယ်က ကျောင်းတက်ရင်း
နိုင်ငံတော်သီချင်းကို အတူတူ သံပြိုင် သီဆိုဖူးတယ် …
အဲ့ဒီအချိန်တုန်းက …
မင်းနဲ့ငါနဲ့တစ်သွေးတည်းတစ်သားတည်းပါ သူငယ်ချင်း
ကိုယ်မလိုတဲ့အရာကို လက်ညှိုးထိုးပြီး
မာန်မဲ ရန်ဆောင်နေရုံနဲ့ တော့
ငါတို့ရဲ့ မျှော်လင့်ချက်တွေ လင်းလက်မလာနိုင်ဘူး သူငယ်ချင်း
မလိုချင်တဲ့အရာကို ရအောင်တားဖို့
ငါတို့စိတ်ဓာတ်တွေ ခိုင်မာနေဖို့လိုအပ်တယ် …
ငါတို့ထင်းစည်းပြေကို မီးမွှေးဖို့ စောင့်နေကြတဲ့
ဝံပုလွေတွေ ….
မင်းသူတို့ကို မြိန်ရည် လျှက်ရည်နဲ့
ပွဲတော်တည်ခွင့်ပေးမလို့လား သူငယ်ချင်း ….
နွားကွဲလို့ ကျားဆွဲခံရတာတွေ
ကျောချမှဓားပြမှန်းသိတာတွေ ငါတို့ခံရဖူးပါတယ်သူငယ်ချင်း …
သိသိရက်နဲ့ ကျော့ကွင်းထဲ တမင်ဆင်းပြိး
ငါတို့လည်ပင်းကို ငါတို့ကိုယ်တိုင် ကြိုးကွင်းစွတ်မလို့လား
သူငယ်ချင်း …..
ငါတို့နိုင်ငံဟာ သာလာယံဇရပ်မဟုတ်ကြောင်း
သက်သေပြဖို့ မင်းထိုးထိုးနေတဲ့
လက်ညှိုးတစ်ချောင်းနဲ့တော့မလုံလောက်ဘူး သူငယ်ချင်း …
ငါတို့ကြားက အပေါက်တွေကို
ငါတို့ကိုယ်တိုင် ဖာထေးဖို့လိုအပ်တယ် …
မင်းနဲ့ငါကြားက လစ်ဟာမှုမှာ
မလိုအပ်ပဲလဲ မုန်တိုင်းဆန်သွားနိုင်တယ် သူငယ်ချင်း
အမြင့်ရောက်လာရင်တော့ လေတိုက်ခံရမှာပဲ သူငယ်ချင်း
လေဆိုးလေညစ်အတွက်နဲ့တော့ …
မင်းနဲ့ငါ တိတ်တိတ်လေး စိတ်ဝမ်းမကွဲကြေး….
ငါတို့ကိုင်တဲ့လှော်တက်နဲ့
မျက်နှာမူရာ အရပ်ဆီကို
တက်ညီလက်ညီလှော်ခတ်လို့ …
ငါတို့ သွားမဲ့ပန်းတိုင်ကို ..လှမ်းကိုင်နိုင်အောင် .
ဘာအကြောင်းကြောင့်မှ စိတ်ဝမ်းမကွဲပဲ
မင်းနဲ့ငါ ရဲ့ လက်တွေ မြဲမြဲ တွဲထားကြပါစို့လား သူငယ်ချင်း.....
စူးရှအိမ် ( ၁၆.၁.၂၀၁၁ ။ တနင်္လာနေ့ ။ ၃း၁၈)
ငါ့ဘာသာ
ငါ့သာသနာ
ငါချစ်တာပေါ့ …
ငါလဲ လူပဲ
ဒီမြေမှာမွေး ..ဒီရေသောက်လို့ …
ဒီအမိမြေမှာ လူလားမြောက်ခဲ့တာပဲ …
မင်းတို့ ချစ်သလို ငါလဲ ငါ့တိုင်းပြည်ကိုငါချစ်တယ် ….
ဒီအချိန်က
ငါ ငါ ချင်းဆန္ဒပြရမဲ့အချိန်မဟုတ်ဘူး …..
ငါ ငါ ချင်း သတ်ဖြတ်ရမဲ့အချိန်မဟုတ်ဘူး ….
ငါ ငါ ချင်းပေါင်းစည်း
တစ်လှေတည်းစီး တစ်ခရီးတည်းသွားရမဲ့ အချိန် ….
သူငယ်ချင်းရယ် ..
မင်းနဲ့ငါက ပန်းတိုင်တစ်ခုတည်းကို ပစ်မှတ်ထားတာပါ ….
ဘာကြောင့်မို့ ကျောခိုင်း လှော်နေကြမလဲ …
ပုပ်နေတဲ့ ငါးခုံးမကို ပဲ ဖယ်ချလိုက်စမ်းပါ
သူ့အပုပ်နံ့နဲ့
ငါ့တို့စိတ်တွေညစ်နွမ်းမခံပါနဲ့ .. သူငယ်ချင်း
ငါ ငါချင်းပေါင်းလို့ ဖြစ်လာမဲ့ငါတို့တစ်တွေ
လက်ကိုမြဲမြဲတွဲလို့
ဝင်လာသမျှ အန္တရာယ်ပေါင်းလို့ကာကွယ်ကြရအောင်လား သူငယ်ချင်း ……
ငါ ဆိုတဲ့မာန်စွဲနဲ့ ခေါင်းမော့ရင်ကော့လို့
မင်း သီကြူးချင်တဲ့အခါ …
မအေးသေးတဲ့ စစ်ဒဏ်တွေကြားက
သူတို့ မျက်နှာ မင်းမြင်ယောင်ကြည့်လိုက်စမ်းပါ …
ပညာရည် မပြည့်ဝလို့ အသိဥာဏ်ချို့တဲ့ရှာတဲ့
ငါတို့ထဲက ငါတို့ လေးတွေကို မင်းမြင်ယောင်ကြည့်လိုက်စမ်းပါ ….
မိတကွဲဖတကွဲနဲ့ ညှိုးငယ်နေရှာတဲ့ သူတို့မျက်နှာတွေ
မင်း အသိထဲ ခပ်ရေးရေးလေး တွေးကြည့်လိုက်စမ်းပါ ….
မင်းထမင်းဝနေပေမယ့် …သူတို့မှာ ဆန်ရှာမရဘူး သူငယ်ချင်း
မင်းအဲကွန်းအောက်မှာ ပညာသင်ရပေမယ့်
သူတို့မှာ ကကြီးကခွေးမရေးတတ်ရှာဘူးသူငယ်ချင်း …..
သူတို့ အနာဂတ်တွေ အမှောင်ကနေ လင်းလာဖို့
ဆောင်ကြဉ်းပေးရမှာ ငါတို့တာဝန် …
မင်းမှတ်မိလားသူငယ်ချင်း ….
ငါတို့ငယ်ငယ်က ကျောင်းတက်ရင်း
နိုင်ငံတော်သီချင်းကို အတူတူ သံပြိုင် သီဆိုဖူးတယ် …
အဲ့ဒီအချိန်တုန်းက …
မင်းနဲ့ငါနဲ့တစ်သွေးတည်းတစ်သားတည်းပါ သူငယ်ချင်း
ကိုယ်မလိုတဲ့အရာကို လက်ညှိုးထိုးပြီး
မာန်မဲ ရန်ဆောင်နေရုံနဲ့ တော့
ငါတို့ရဲ့ မျှော်လင့်ချက်တွေ လင်းလက်မလာနိုင်ဘူး သူငယ်ချင်း
မလိုချင်တဲ့အရာကို ရအောင်တားဖို့
ငါတို့စိတ်ဓာတ်တွေ ခိုင်မာနေဖို့လိုအပ်တယ် …
ငါတို့ထင်းစည်းပြေကို မီးမွှေးဖို့ စောင့်နေကြတဲ့
ဝံပုလွေတွေ ….
မင်းသူတို့ကို မြိန်ရည် လျှက်ရည်နဲ့
ပွဲတော်တည်ခွင့်ပေးမလို့လား သူငယ်ချင်း ….
နွားကွဲလို့ ကျားဆွဲခံရတာတွေ
ကျောချမှဓားပြမှန်းသိတာတွေ ငါတို့ခံရဖူးပါတယ်သူငယ်ချင်း …
သိသိရက်နဲ့ ကျော့ကွင်းထဲ တမင်ဆင်းပြိး
ငါတို့လည်ပင်းကို ငါတို့ကိုယ်တိုင် ကြိုးကွင်းစွတ်မလို့လား
သူငယ်ချင်း …..
ငါတို့နိုင်ငံဟာ သာလာယံဇရပ်မဟုတ်ကြောင်း
သက်သေပြဖို့ မင်းထိုးထိုးနေတဲ့
လက်ညှိုးတစ်ချောင်းနဲ့တော့မလုံလောက်ဘူး သူငယ်ချင်း …
ငါတို့ကြားက အပေါက်တွေကို
ငါတို့ကိုယ်တိုင် ဖာထေးဖို့လိုအပ်တယ် …
မင်းနဲ့ငါကြားက လစ်ဟာမှုမှာ
မလိုအပ်ပဲလဲ မုန်တိုင်းဆန်သွားနိုင်တယ် သူငယ်ချင်း
အမြင့်ရောက်လာရင်တော့ လေတိုက်ခံရမှာပဲ သူငယ်ချင်း
လေဆိုးလေညစ်အတွက်နဲ့တော့ …
မင်းနဲ့ငါ တိတ်တိတ်လေး စိတ်ဝမ်းမကွဲကြေး….
ငါတို့ကိုင်တဲ့လှော်တက်နဲ့
မျက်နှာမူရာ အရပ်ဆီကို
တက်ညီလက်ညီလှော်ခတ်လို့ …
ငါတို့ သွားမဲ့ပန်းတိုင်ကို ..လှမ်းကိုင်နိုင်အောင် .
ဘာအကြောင်းကြောင့်မှ စိတ်ဝမ်းမကွဲပဲ
မင်းနဲ့ငါ ရဲ့ လက်တွေ မြဲမြဲ တွဲထားကြပါစို့လား သူငယ်ချင်း.....
စူးရှအိမ် ( ၁၆.၁.၂၀၁၁ ။ တနင်္လာနေ့ ။ ၃း၁၈)
အို ဘယ့် ရွှေပြည်

ရောင်ဝါစီ ရှုမငြီး
ရွှေအဆင်းနဲ့ထုံသင်းလှပါတဲ့ရွှေပြည်..
ငါ့ပြည် ငါ့ရွာ ငါ့မြေသာဟု
ရော်ကာတမ်းမိ၊
လွမ်းလှဘိသည် အို ဘယ့်ရွှေပြည်။
သူ့ပြည် သူ့ရွာ သူ့ဌာနေကား
အလှထောင်ပေါင်း၊ သောင်းသောင်းဖျဖျ
ကြွယ်ဝ လှမူ ၊သူ့ပြည်ခဏ
ထိုအတ္တကြား၊ပူဆွေးမပြေ
ရတက်မအေး၊ စိတ်ဝမ်းမလှ
မချမ်းမြသည်သာ၊ ရှိလေစွာ၏။
ငါ့ပြည်ငါ့ရွာ ငါ့ဌာနေကား
အုပ်မိုးနေခြည် မေတ္တာရည်နှင့်
ညီခြုံထွေးဖက် အကြင်နာစွက်ကာ
စေတနာမြတ်ကောင်း၊သောင်းသောင်းဖျဖျ
ဘ၀ဂ်ညံစွ ကြည်လင်လှဘိ
ငြိမ့်ညောင်းသံစာ စည်ပင်သာလှ
ထိုရပ်ရွာ အား
လှမ်းလာလိုမိ နေမထိသည်
အိုဘယ့် ရွှေပြည်။
လယ်ယာ သိုင်းချောင်း၊ ရှုမညောင်းသည့်
စိမ်းလမ်းသာယာ ထိုပြည်သာသည်
ကျောင်းပြသာဒ် အပေါင်း ထိုတန်ဆောင်းနှင့်
အိုးစည်သံခြိမ့် စေတနာအရိပ်ဝယ်
ရွှေအဆင်းထုံဖျ သာလှပေသည်
အို ဘယ့်ရွှေပြည်။
ဥဒေါင်းပျိုမ
သည်မြေလှ အား
မိုင်ယူဇနာ ထိုအကွာမှ
ရော်ရည် စိတ်မှန်း ၊ မှန်းမျှော်တမ်း၍
ရင်ဝယ်တ, သ၊ လွမ်းရပါသည်
အို ဘယ့် ရွှေပြည်။
စူးရှအိမ် (၁၉၊၁၊၂၀၁၂) ကြာသပတေးနေ့ 08:35pm
တနင်္ဂနွေ အိပ်မက်
တနင်္ဂနွေကို ခဏလေးကျောခိုင်းမိရုံနဲ့
စွယ်တော်ရွက်တွေက
တုန်…ရီ…ရှိုက် …ခတ်
ခပ်လွင့်လွင့် ပင့်သက် တစ်ချက်မှာ
အရှင်လတ်လတ်နဲ့ပဲ တဖျတ်ဖျတ် ကြွေ ရရှာတယ်။
သိပ် .. စော …. လွန်း … နေ …ခဲ့ ….တယ် တာရာ
ဒီရာသီဟာ အချိန်မတန်ပဲ
မှိုင်းတိုက်ခံခဲ့ရတယ်ဆိုတာ
ငါမသိခဲ့ရိုးအမှန်ပါ။
လက်တလှုပ်လှုပ်
ခြေတလှုပ်လှုပ်နဲ့ တနင်္ဂနွေဟာ
တည်ငြိမ်ရင့်ကျက်မှု မဲ့လာခဲ့ပြီ တာရာ
တစ်ကိုယ်စာကျောချင်းကပ်မိရုံလေးတင်ပါ
ဘာလို့ ငါတို့ခြေလှမ်းတွေ ကျောခိုင်းသွားကြလဲ။
ငါ ရေရေရာရာ မသိဘူး တာရာ
တကယ်တော့......
ဒီနေ့နဲ့မနက်ဖြန်ဟာ
စာရွက်တစ်ရွက်စာလေးပဲ ကွာဟခဲ့တာပါ
ဒီတနင်္ဂနွေဟာ နေ၀င်သိပ်စောလွန်းတယ် တာရာ။
အပြောင်းအလဲတစ်ခုကို
အသက်ရှူခွင့်ပေးဖို့
စက္ကန့်တံတစ်ချို့ကို
ငါရိုးကျိုးစွာ ခွင့်ပန်ချင်ရဲ့ တာရာ ...
နင်ဟာ ပင်မြင့်က သဇင်ပန်းမဟုတ်သလို
ငါကလဲ တုံးခု လှမ်းမဲ့လူ မဟုတ်ခဲ့ဘူး တာရာ
ငါတို့ဟာ မြေကြီးတစ်ခုပေါ်
အတူတူ ရပ်နေကြတဲ့
သုည တွေပါ။
ဒီပုစ္ဆာမှာ
အကိုးအကား အထောက်အထား မရှိဘူး
အထုပတ္တိမရှိဘူး တာရာ
ဒါဟာ ကံစီမံရာပဲ
ငါတို့ ဖန်တီးတဲ့ပန်းချီကားကို
ငါတို့ကိုယ်တိုင်ပဲ အနားသတ်ရလိမ့်မယ်။
သတ္တိရှိစမ်းပါ တာရာ
ငါတို့မပိုင်တဲ့
မနက်ဖြန်တွေထဲမှာ
ငါတို့ချယ်တဲ့ပန်းချီကားတွေ
ဘယ်လောက်လှခဲ့လဲဆိုတာ သက်သေ ပြဖို့
ဒီတနင်္ဂနွေအိပ်မက်တွေထဲ
နင်နဲ့ငါ
တိတ်တိတ်လေး ရိုးသားလိုက်ကြရအောင်။
စူးရှအိမ် (22/1/2012/ Sunday/05:44pm)
အတိတ်များထံ တစ်ကျော့ပြန်ရှင်သန်ခြင်း
ငါတို့ဟာ ကဗျာတွေ ဖတ်ရင်း
အတိတ်တွေကို သတ်ကြတယ်။
ငါတို့ဟာ အိပ်မက်တွေမက်ရင်း
ဆေးစက်တွေနဲ့ ပုံရိပ်ယောင်တစ်ချို့ကို
ထုဆစ်ကြတယ်။
ငါတို့ဟာ ငါတို့ပါ
အမှောင်ထဲမှာ လျှောက်ရင်း
ကောင်းကင်ကိုဟားတိုက် …
ခိုက်ခိုက်တုန်အောင် ရယ်မောကြတယ်။
ငါတို့ဟာ ငါတို့ပါ
မြေပြင်ကိုခေါင်းအုံး ..
ဒုက္ခဆိုတဲ့ကောင်ကို
နေ့စဉ်အသုံးအနှုန်းတွေထဲပစ်ချ ..
ငါတို့ဟာ ငါတို့အဖြစ်နဲ့
ရိုးသားစွာရှင်သန်ကြတယ်။
ငါတို့ဟာ ငါတို့ပါ
ငါစွဲ တွေဖုန်ထတဲ့
ဒီအရပ်မှာ
တစ်ကိုယ်ရည်စာလွတ်ရုံလေး
ခေါင်ခိုက်အောင်
တိုးတိုးတိတ်တိတ်မှောင်ကြတယ်။
ဒီတစ်ရက်
အသက်ရှူဝဖို့အတွက်
ဘာရိက္ခာလိုအပ်မလဲ ..
ဆာလောင်ခြင်း အသိဥာဏ်ဟာ
မှားယွင်းစွာ နိုးထပြီးတဲ့ သကာလ
ငါတို့ဟာ
မီးအိမ်တို့ရာဇ၀င်မှာ
မလင်းနိုင်အောင် ထွန်းညှိခံခဲ့ရပြီ။
ငါတို့ဟာ ငါတို့ပါ
အိမ်ဝေးကြယ်တွေကို
နံရံမှာချိတ်
ကဗျာ အပိုင်းအစတွေနဲ့
တိတ်တိတ်လေးကြေကွဲကြတယ်။
ဒီခြေနှစ်ဖ၀ါးစာ နေရာ
ဒါ ငါတို့ပိုင်နယ်မြေပါလို့
သတ်မှတ်မယ် …..
ဘယ်သူ ကန့်ကွက်ချင်ကြလဲ???
လွတ်လပ်စွာ အသက်ရှူခွင့်ရတဲ့တစ်နေ့
အဲ့ဒီ တစ်နေ့ကျ
မင်းရယ် ငါရယ် …
ဒီအတိတ်တွေထဲမှာ
ခပ်ဆိတ်ဆိတ်လေး ရယ်မောလိုက်ကြရအောင်။
စူးရှအိမ် (23/2/2012) Monday 08:33pm
အတိတ်တွေကို သတ်ကြတယ်။
ငါတို့ဟာ အိပ်မက်တွေမက်ရင်း
ဆေးစက်တွေနဲ့ ပုံရိပ်ယောင်တစ်ချို့ကို
ထုဆစ်ကြတယ်။
ငါတို့ဟာ ငါတို့ပါ
အမှောင်ထဲမှာ လျှောက်ရင်း
ကောင်းကင်ကိုဟားတိုက် …
ခိုက်ခိုက်တုန်အောင် ရယ်မောကြတယ်။
ငါတို့ဟာ ငါတို့ပါ
မြေပြင်ကိုခေါင်းအုံး ..
ဒုက္ခဆိုတဲ့ကောင်ကို
နေ့စဉ်အသုံးအနှုန်းတွေထဲပစ်ချ ..
ငါတို့ဟာ ငါတို့အဖြစ်နဲ့
ရိုးသားစွာရှင်သန်ကြတယ်။
ငါတို့ဟာ ငါတို့ပါ
ငါစွဲ တွေဖုန်ထတဲ့
ဒီအရပ်မှာ
တစ်ကိုယ်ရည်စာလွတ်ရုံလေး
ခေါင်ခိုက်အောင်
တိုးတိုးတိတ်တိတ်မှောင်ကြတယ်။
ဒီတစ်ရက်
အသက်ရှူဝဖို့အတွက်
ဘာရိက္ခာလိုအပ်မလဲ ..
ဆာလောင်ခြင်း အသိဥာဏ်ဟာ
မှားယွင်းစွာ နိုးထပြီးတဲ့ သကာလ
ငါတို့ဟာ
မီးအိမ်တို့ရာဇ၀င်မှာ
မလင်းနိုင်အောင် ထွန်းညှိခံခဲ့ရပြီ။
ငါတို့ဟာ ငါတို့ပါ
အိမ်ဝေးကြယ်တွေကို
နံရံမှာချိတ်
ကဗျာ အပိုင်းအစတွေနဲ့
တိတ်တိတ်လေးကြေကွဲကြတယ်။
ဒီခြေနှစ်ဖ၀ါးစာ နေရာ
ဒါ ငါတို့ပိုင်နယ်မြေပါလို့
သတ်မှတ်မယ် …..
ဘယ်သူ ကန့်ကွက်ချင်ကြလဲ???
လွတ်လပ်စွာ အသက်ရှူခွင့်ရတဲ့တစ်နေ့
အဲ့ဒီ တစ်နေ့ကျ
မင်းရယ် ငါရယ် …
ဒီအတိတ်တွေထဲမှာ
ခပ်ဆိတ်ဆိတ်လေး ရယ်မောလိုက်ကြရအောင်။
စူးရှအိမ် (23/2/2012) Monday 08:33pm

04 January, 2012
အမည်မဖော်လိုသော...ထိုကဗျာ...
မသက်ဆိုင်တဲ့နေရာတစ်ခုမှာ
ငြိမ်ငြိမ်လေးထိုင်မိနေရုံပါပဲ .....
အဲ့ဒီအခြင်းအရာမှာ ....
နံရိုးတစ်ချောင်းဆိုတဲ့ ဖြစ်တည်မှုကလွဲရင်
မက်မောခြင်းအလျဉ်းမရှိခဲ့ခြင်းဟာ
မုသာဝါဒတဲ့လား ..........
ရူးသွပ်စွာ တီးခတ်လာခဲ့ပြီးမှ
အသံမမြည်ခဲ့တဲ့ ဒီကြိုးတစ်ချောင်းအတွက်
ညီမျှခြင်းချပြရတဲ့အလုပ်ဟာ
အမည်မဖော်လိုတဲ့ကဗျာတွေထဲမှာပဲ
လျှောက်သွားလျှောက်ပြန်ရှိခဲ့လေရဲ့ ...
ဘာပဲဖြစ်ဖြစ် ....
ဒီလို လေရူးဆန်ခဲ့ရုံလောက်နဲ့တော့
ကျွန်တော့်အာရုံဦးကို ရနံ့ပြယ်ခွင့်မပြုနိုင်ဘူး .....ဆောင်းရယ် .....
(စူးရှအိမ်) (14 Nov,21:53)
ငြိမ်ငြိမ်လေးထိုင်မိနေရုံပါပဲ .....
အဲ့ဒီအခြင်းအရာမှာ ....
နံရိုးတစ်ချောင်းဆိုတဲ့ ဖြစ်တည်မှုကလွဲရင်
မက်မောခြင်းအလျဉ်းမရှိခဲ့ခြင်းဟာ
မုသာဝါဒတဲ့လား ..........
ရူးသွပ်စွာ တီးခတ်လာခဲ့ပြီးမှ
အသံမမြည်ခဲ့တဲ့ ဒီကြိုးတစ်ချောင်းအတွက်
ညီမျှခြင်းချပြရတဲ့အလုပ်ဟာ
အမည်မဖော်လိုတဲ့ကဗျာတွေထဲမှာပဲ
လျှောက်သွားလျှောက်ပြန်ရှိခဲ့လေရဲ့ ...
ဘာပဲဖြစ်ဖြစ် ....
ဒီလို လေရူးဆန်ခဲ့ရုံလောက်နဲ့တော့
ကျွန်တော့်အာရုံဦးကို ရနံ့ပြယ်ခွင့်မပြုနိုင်ဘူး .....ဆောင်းရယ် .....
(စူးရှအိမ်) (14 Nov,21:53)
ရင်ရဲ့ ကောက်ကြောင်း
၃ နဲ့ ၄ လို ကျောခိုင်းနေရုံလောက်နဲ့တော့
သဘာဝတရားအရ ညီညာနေတဲ့ သုညတွေကို
ကျွန်တော် ဖောက်ခွဲမပြချင်ဘူး ......
လူသုံးများနေတဲ့ အကြောင်းအရင်းခံဆိုတာ
တကယ်တော့ ချောင်ပိတ်သတ်မဲ့
ပဉ္စလက် လှည့်စားချက် သက်သက်ပဲ.....
အမှားအမှန် အသွားအပြန်ဆိုတာကို ယုံကြည်ထားတဲ့
ကျွန်တော့်အတွက်တော့.....
ဒါဟာနေ၀င်ချိန်ပါဆိုတာကိုလက်ခံဖို့
လောကထဲမှာရှိတဲ့ဆန့်ကျင်ဘက်တရားတွေ
အရင် ပ, ပျောက်သွားဖို့လိုအပ်တယ် ....
စူးရှအိမ် (၀၉:၀၉pm)..20/10/201
သဘာဝတရားအရ ညီညာနေတဲ့ သုညတွေကို
ကျွန်တော် ဖောက်ခွဲမပြချင်ဘူး ......
လူသုံးများနေတဲ့ အကြောင်းအရင်းခံဆိုတာ
တကယ်တော့ ချောင်ပိတ်သတ်မဲ့
ပဉ္စလက် လှည့်စားချက် သက်သက်ပဲ.....
အမှားအမှန် အသွားအပြန်ဆိုတာကို ယုံကြည်ထားတဲ့
ကျွန်တော့်အတွက်တော့.....
ဒါဟာနေ၀င်ချိန်ပါဆိုတာကိုလက်ခံဖို့
လောကထဲမှာရှိတဲ့ဆန့်ကျင်ဘက်တရားတွေ
အရင် ပ, ပျောက်သွားဖို့လိုအပ်တယ် ....
စူးရှအိမ် (၀၉:၀၉pm)..20/10/201
ဆောင်း...အိပ်မက် .
မတောင့်တဘူး ..မမျှော်လင့်ဘူး …
လျှောက်သွားတဲ့လမ်းက
လေညွှန်ရာကိုတိမ်းခဲ့တော့..
လွင့်ရင်းနဲ့ပဲ ဝေးရတယ်
ဝေးရင်းနဲ့ပဲ ဆွေးရတယ် ….
တကယ်တော့ငါဟာ …
ဝဲဂယက်ထဲက သစ်ရွက်စ ..
အမှောင်နဲ့အညီ ပြာကျလာတာတောင် …
အဲ့ဒီ ရသကို…..
တမြမြလေး တမ်း....တ, နေတတ်တုန်း..
ရေစက်တစ်ပေါက်ရဲ့ သာယာမှုမှာ
လဲလျောင်းအိပ်စက်မိခဲ့သလိုမျိုး…..
မက်ဖူးတဲ့ အိပ်မက်တစ်ပုဒ်လိုလည်း
ထင်ယောင်ထင်မှားနဲ့ အကောင်ပြလို့ အရိပ်မထင်နေတတ်တုန်း …
ဒါဟာ ….တရားသောညီမျှခြင်းပါတဲ့ ..
ဒါပေမယ့်
မနက်ဖြန်ရဲ့မိုးသောက်ချိန်တစ်ချို့ကတော့
ကြယ်သိုးတွေရဲ့ခြေရာ အောက်မှာ
အချိန်မတန်ပဲ အိပ်တန်းပျောက်ခဲ့ရပြီ။
စူးရှအိမ် ( 08:27pm, Saturday)
လျှောက်သွားတဲ့လမ်းက
လေညွှန်ရာကိုတိမ်းခဲ့တော့..
လွင့်ရင်းနဲ့ပဲ ဝေးရတယ်
ဝေးရင်းနဲ့ပဲ ဆွေးရတယ် ….
တကယ်တော့ငါဟာ …
ဝဲဂယက်ထဲက သစ်ရွက်စ ..
အမှောင်နဲ့အညီ ပြာကျလာတာတောင် …
အဲ့ဒီ ရသကို…..
တမြမြလေး တမ်း....တ, နေတတ်တုန်း..
ရေစက်တစ်ပေါက်ရဲ့ သာယာမှုမှာ
လဲလျောင်းအိပ်စက်မိခဲ့သလိုမျိုး…..
မက်ဖူးတဲ့ အိပ်မက်တစ်ပုဒ်လိုလည်း
ထင်ယောင်ထင်မှားနဲ့ အကောင်ပြလို့ အရိပ်မထင်နေတတ်တုန်း …
ဒါဟာ ….တရားသောညီမျှခြင်းပါတဲ့ ..
ဒါပေမယ့်
မနက်ဖြန်ရဲ့မိုးသောက်ချိန်တစ်ချို့ကတော့
ကြယ်သိုးတွေရဲ့ခြေရာ အောက်မှာ
အချိန်မတန်ပဲ အိပ်တန်းပျောက်ခဲ့ရပြီ။
စူးရှအိမ် ( 08:27pm, Saturday)
ကောင်းကင်ပျိုရဲ့ အထုပ္ပတ္တိ
တိမ်ခိုးတွေခြုံတဲ့ဆောင်းမှာ
ဟိုအရင်သစ်ရွက်ဟောင်းတွေနဲ့ .....
ကျွန်တော့်ကိုယ် ကျွန်တော် ကျပျောက်ပစ်ခဲ့တယ်.....
ဆောင်းရေ ......
ဒါဟာ တစ်ခန်းရပ်ပြဇာတ်တစ်ခုလို့ဆိုရင်တောင် ....
ချန်ခဲ့တဲ့ခြေရာတိုင်းအတွက်တော့ ...
ကျွန်တော် တကယ်ပဲ ရိုးသားခဲ့ပါတယ်....
မရည်ရွယ်ပါပဲ
နက္ခတ်မှားခဲ့တဲ့
ရွက်ကြွေစတွေရဲ့ သမိုင်းအတွက်
ဘာသာဗေဒဆိုတာ မလိုအပ်ပါဘူး
ုငဲ့စောင်းသွားတဲ့ အငွေ့အသက်နဲ့တင်
ကျုပ်က......
နွေလေရူးကိုတောင် တယုတယ မော်ဖူးချင်ခဲ့တဲ့ကောင်....
စူးရှအိမ် ..(13/12/2011) 09:05pm..
ဟိုအရင်သစ်ရွက်ဟောင်းတွေနဲ့ .....
ကျွန်တော့်ကိုယ် ကျွန်တော် ကျပျောက်ပစ်ခဲ့တယ်.....
ဆောင်းရေ ......
ဒါဟာ တစ်ခန်းရပ်ပြဇာတ်တစ်ခုလို့ဆိုရင်တောင် ....
ချန်ခဲ့တဲ့ခြေရာတိုင်းအတွက်တော့ ...
ကျွန်တော် တကယ်ပဲ ရိုးသားခဲ့ပါတယ်....
မရည်ရွယ်ပါပဲ
နက္ခတ်မှားခဲ့တဲ့
ရွက်ကြွေစတွေရဲ့ သမိုင်းအတွက်
ဘာသာဗေဒဆိုတာ မလိုအပ်ပါဘူး
ုငဲ့စောင်းသွားတဲ့ အငွေ့အသက်နဲ့တင်
ကျုပ်က......
နွေလေရူးကိုတောင် တယုတယ မော်ဖူးချင်ခဲ့တဲ့ကောင်....
စူးရှအိမ် ..(13/12/2011) 09:05pm..
နက္ခတ်တစ်ချို့ရဲ့ ဒိုင်ယာရီ
လက်ခတ်သံခပ်ပြင်းပြင်းတွေ
အပ်နှင်းခံရတာ ကြာတော့
အမှတ်အသားတစ်ချိုနဲ့ ဒီရင်က
အလိုမတူပဲ ရိုင်းတတ်လာတယ်....
ဒီမှတ်တိုင်တစ်ချို့ရဲ့ နောက်ကွယ်မှာ
အလိုမတူပဲ ကတဲ့ဇာတ်က
နွေဆန်ဆန် ခါးသက်နေတတ်လေရဲ့....
ပြန်လမ်းမဲ့ဒီအခြင်းအရာထဲ
သက် ဆိုင် သည် ဖြစ်စေ .....မ သက် ဆိုင် တော့ သည် ဖြစ်စေ။။
အဆွဲအငင်လှတဲ့ ကကြိုးတွေရဲ့လက်မှာ
အိပ်မက်တွေ အပိုင်းပိုင်းပြတ်ခဲ့လည်း
ကျုပ်ဆိုတဲ့ကောင်က………
ဒီလမ်းကိုမှ တရှိုက်မက်မက် ဖက်တွယ်နေတတ်တုန်း...
တကယ်တော့ …
ကျုပ်က လူမိုက်ပါလမင်းရယ်
ပြုစားတတ်တဲ့ နက္ခတ်ကိုမှ
အိမ်ဦးခန်းထားလို့
တယုတယ ကိုးကွယ်နေချင်ခဲ့တာ ....
စူးရှအိမ် (11:45pm) 20/12/2011 .
အပ်နှင်းခံရတာ ကြာတော့
အမှတ်အသားတစ်ချိုနဲ့ ဒီရင်က
အလိုမတူပဲ ရိုင်းတတ်လာတယ်....
ဒီမှတ်တိုင်တစ်ချို့ရဲ့ နောက်ကွယ်မှာ
အလိုမတူပဲ ကတဲ့ဇာတ်က
နွေဆန်ဆန် ခါးသက်နေတတ်လေရဲ့....
ပြန်လမ်းမဲ့ဒီအခြင်းအရာထဲ
သက် ဆိုင် သည် ဖြစ်စေ .....မ သက် ဆိုင် တော့ သည် ဖြစ်စေ။။
အဆွဲအငင်လှတဲ့ ကကြိုးတွေရဲ့လက်မှာ
အိပ်မက်တွေ အပိုင်းပိုင်းပြတ်ခဲ့လည်း
ကျုပ်ဆိုတဲ့ကောင်က………
ဒီလမ်းကိုမှ တရှိုက်မက်မက် ဖက်တွယ်နေတတ်တုန်း...
တကယ်တော့ …
ကျုပ်က လူမိုက်ပါလမင်းရယ်
ပြုစားတတ်တဲ့ နက္ခတ်ကိုမှ
အိမ်ဦးခန်းထားလို့
တယုတယ ကိုးကွယ်နေချင်ခဲ့တာ ....
စူးရှအိမ် (11:45pm) 20/12/2011 .
ကျွန်တော့်ရဲ့ ... ရာဇ၀င်
မှတ်မှတ်ရရ
နင့်ခြေလှမ်းတွေ ငါနဲ့ဆန့်ကျင်ရာဘက်ကို မျက်နှာ မူတဲ့ရက်
နံရံက ဆေးစက်တွေကိုကြည့်ရင်း
ပိတ်ကားချ စာတမ်းထိုးဖို့ဆိုတဲ့အရာက
ငါ့အတွက်တော့
အရှင်လတ်လတ် ညှင်းဆဲခံရတာထက်နာတယ် ...ကြယ်စင် ....
ကြက်ခြေခတ်ဆိုတဲ့အရာမျိုးက
ဖျက်ဖို့ခက်တဲ့ အရာမှန်း နင်သိရက်နဲ့
ဒီဆောင်းကိုမှ အရောင်ဆိုးရက်တယ် .....
သွားလေးတွေ စီတန်းနေတဲ့ရာဇ၀င်မှာ
အက္ခရာတစ်ခုက ပဲ့ကျခဲ့သလိုမျိုး ..
အလံဖြူတွေလဲ ကျိုးခဲ့ဖူးပြီ
ကြယ်စင်ရေ …..
နင့်အပြုံးကို မက်မောမိပါတယ် ပြောတော့
ဟက်ဟက် ပက်ပက် ရယ်မောရင်း
နောက်စရာရှားလို့ကွာ ဆိုတဲ့
ရွဲ့ရွဲ့တဲ့တဲ့သံစဉ်တွေကြားမှာ …
ဒီကောင့်ကဗျာတွေ မုန်တိုင်းထန်ခဲ့ဖူးတယ် ကြယ်စင်
မျဉ်းတစ်ကြောင်းတောင် ဖြောင့်အောင် မဆွဲခဲ့ဖူးတဲ့
ငါ့လမ်းတွေမှာ
နင်ပေးလိုက်တဲ့ ခြေရာတစ်ချို့က
သိပ်နက်လွန်းတယ် ကြယ်စင်ရယ် …
ငါ အိပ်မရတဲ့ရက်တွေထပ်နေပြီလို့ ရေရွတ်တော့
ခပ်ဖွဖွရယ်ရင်း ....
အိပ်ဆေးသောက်ပြီးအိပ်ပေါ့ တဲ့
ဒါဟာ ဟာသ ပျက်လုံး တစ်ခုမဟုတ်ဘူး ကြယ်စင်
နှလုံးသားကို အိပ်မောချခွင့်ရရင်
ငါလဲ ဒီရေအဆန်မှာ လက်ပစ်ကူးပစ်လိုက်ချင်ပါရဲ့...
နင်ကြွေကျ မြေခရမှာ ကြောက်လွန်းလို့
ကာထားတဲ့ ဒီရင်ဘတ်
စုတ်ချက်တွေ အလီလီနဲ့
နှစ်တွေချီနေခဲ့ပြီ ကြယ်စင်….
နင်ကတော့ တစ်နပ်စာအတွေးတွေနဲ့
အလည်လွန်လို့ကောင်းတုန်း …
အချိန်တန်ရင် အိမ်ပြန်ခဲ့ပါ ကြယ်စင် …
ငါ ဆိုတဲ့ကောင်က
ခ ယ သီကျူးခြင်းတွေနဲ့ အကျွမ်းတ၀င်မရှိပေမယ့် ..
အဖြူရောင်စကို ကိုင်ထားတဲ့လက်နဲ့
နင် ဆိုတဲ့ ၀င်သက်ထွက်သက်ကို မှတ်ရင်း
နေကို ပတ်ခဲ့တာ သုံးခါလည်ခဲ့ပြီ …
ဒါဟာ အကောင်းဆုံး ဆင်ခြေ တစ်ခုပါဆိုတာ …
ဘာသက်သေသာဓကနဲ့မှ ငါမပြလိုဘူး
နှလုံးသွေးနဲ့ မရေးပေမယ့်
နှလုံးသားနဲ့ရေးထားတဲ့ စာမျက်နှာတိုင်းဟာ
နင့်အတွက် ဘယ်တော့မှ မပျက်မဲ့သစ္စာတွေ နဲ့ပါ ကြယ်စင် …
ငါဟာ တစ်ထောင့်တစ်ည အိပ်မက်တွေထဲက
ဇာတ်ကောင်တစ်ကောင်ပါ ကြယ်စင် ….
မဆုံးနိုင်အောင် ပရိယာယ်ထိုးထားလဲ
သံစဉ်အိုတွေ လဲပြိုတော့မဲ့ညမှာ
ရိုးသားစွာနဲ့ပဲ…
မက်မော ဖူးတဲ့ လက်အစုံထဲ
ငါ့ကောင်းကင်တစ်ခုလုံး …ထည့်ထားခဲ့ပါရစေ ။ ။
စူးရှအိမ် (2:08Am, 31st/12/2011)
နင့်ခြေလှမ်းတွေ ငါနဲ့ဆန့်ကျင်ရာဘက်ကို မျက်နှာ မူတဲ့ရက်
နံရံက ဆေးစက်တွေကိုကြည့်ရင်း
ပိတ်ကားချ စာတမ်းထိုးဖို့ဆိုတဲ့အရာက
ငါ့အတွက်တော့
အရှင်လတ်လတ် ညှင်းဆဲခံရတာထက်နာတယ် ...ကြယ်စင် ....
ကြက်ခြေခတ်ဆိုတဲ့အရာမျိုးက
ဖျက်ဖို့ခက်တဲ့ အရာမှန်း နင်သိရက်နဲ့
ဒီဆောင်းကိုမှ အရောင်ဆိုးရက်တယ် .....
သွားလေးတွေ စီတန်းနေတဲ့ရာဇ၀င်မှာ
အက္ခရာတစ်ခုက ပဲ့ကျခဲ့သလိုမျိုး ..
အလံဖြူတွေလဲ ကျိုးခဲ့ဖူးပြီ
ကြယ်စင်ရေ …..
နင့်အပြုံးကို မက်မောမိပါတယ် ပြောတော့
ဟက်ဟက် ပက်ပက် ရယ်မောရင်း
နောက်စရာရှားလို့ကွာ ဆိုတဲ့
ရွဲ့ရွဲ့တဲ့တဲ့သံစဉ်တွေကြားမှာ …
ဒီကောင့်ကဗျာတွေ မုန်တိုင်းထန်ခဲ့ဖူးတယ် ကြယ်စင်
မျဉ်းတစ်ကြောင်းတောင် ဖြောင့်အောင် မဆွဲခဲ့ဖူးတဲ့
ငါ့လမ်းတွေမှာ
နင်ပေးလိုက်တဲ့ ခြေရာတစ်ချို့က
သိပ်နက်လွန်းတယ် ကြယ်စင်ရယ် …
ငါ အိပ်မရတဲ့ရက်တွေထပ်နေပြီလို့ ရေရွတ်တော့
ခပ်ဖွဖွရယ်ရင်း ....
အိပ်ဆေးသောက်ပြီးအိပ်ပေါ့ တဲ့
ဒါဟာ ဟာသ ပျက်လုံး တစ်ခုမဟုတ်ဘူး ကြယ်စင်
နှလုံးသားကို အိပ်မောချခွင့်ရရင်
ငါလဲ ဒီရေအဆန်မှာ လက်ပစ်ကူးပစ်လိုက်ချင်ပါရဲ့...
နင်ကြွေကျ မြေခရမှာ ကြောက်လွန်းလို့
ကာထားတဲ့ ဒီရင်ဘတ်
စုတ်ချက်တွေ အလီလီနဲ့
နှစ်တွေချီနေခဲ့ပြီ ကြယ်စင်….
နင်ကတော့ တစ်နပ်စာအတွေးတွေနဲ့
အလည်လွန်လို့ကောင်းတုန်း …
အချိန်တန်ရင် အိမ်ပြန်ခဲ့ပါ ကြယ်စင် …
ငါ ဆိုတဲ့ကောင်က
ခ ယ သီကျူးခြင်းတွေနဲ့ အကျွမ်းတ၀င်မရှိပေမယ့် ..
အဖြူရောင်စကို ကိုင်ထားတဲ့လက်နဲ့
နင် ဆိုတဲ့ ၀င်သက်ထွက်သက်ကို မှတ်ရင်း
နေကို ပတ်ခဲ့တာ သုံးခါလည်ခဲ့ပြီ …
ဒါဟာ အကောင်းဆုံး ဆင်ခြေ တစ်ခုပါဆိုတာ …
ဘာသက်သေသာဓကနဲ့မှ ငါမပြလိုဘူး
နှလုံးသွေးနဲ့ မရေးပေမယ့်
နှလုံးသားနဲ့ရေးထားတဲ့ စာမျက်နှာတိုင်းဟာ
နင့်အတွက် ဘယ်တော့မှ မပျက်မဲ့သစ္စာတွေ နဲ့ပါ ကြယ်စင် …
ငါဟာ တစ်ထောင့်တစ်ည အိပ်မက်တွေထဲက
ဇာတ်ကောင်တစ်ကောင်ပါ ကြယ်စင် ….
မဆုံးနိုင်အောင် ပရိယာယ်ထိုးထားလဲ
သံစဉ်အိုတွေ လဲပြိုတော့မဲ့ညမှာ
ရိုးသားစွာနဲ့ပဲ…
မက်မော ဖူးတဲ့ လက်အစုံထဲ
ငါ့ကောင်းကင်တစ်ခုလုံး …ထည့်ထားခဲ့ပါရစေ ။ ။
စူးရှအိမ် (2:08Am, 31st/12/2011)
သန္ဓေမှားခဲ့သော ..ဒီဇင်ဘာ

အမည်ခံဆောင်းရဲ့ လွှမ်းမိုးမှုအောက်မှာ
လွင့်ဝဲနေတဲ့ ပြာ စတွေ ..
မကုန်လွန်သေးတဲ့နှစ်တစ်နှစ်ရဲ့ ဟားတိုက်သံတစ်ချို့
ကြိုတင်စီစဉ်မှု မရှိတဲ့ ဒီစစ်ဆင်ရေးမှာ
မျက်စိသူငယ်နားသူငယ်နဲ့ ဒီဇင်ဘာဟာ
ခပ်စိမ်းစိမ်းလေး ချိုးခံလိုက်ရတယ် …
ခင်ဗျား သန္ဓေမှားခဲ့သလား ဒီဇင်ဘာ ..
အမှတ်တမဲ့ရိုက်ချက်က နာလွန်းတော့
စုတ်ပြတ်သတ်တဲ့ ရင်ခွင်တွေမှာ
သွေးစက်တွေ ထင်စေခဲ့ပြီ….
မာရ်နတ်နဲ့ စပ်ထားတဲ့ ဒီရာသီဟာ
အနာဂတ်တွေကို အမှောင်ချ
ရှင်သန်ခြင်းတစ်ချို့တစ်ဝက်ကို
ပြာပွင့်တွေနဲ့အတူလွင့်စေခဲ့သလား…
လွင့် …စေ …ခဲ့..သ လား… ဒီဇင်ဘာ
အသက်နဲ့လောင်းကြေးထပ်ခဲ့တဲ့ကစားပွဲမှာ
အားကိုးမရှိရှာတဲ့ မျက်နှာတွေကို
လောကအလယ်မှာ …….
ခင်ဗျားရက်ရက်စက်စက် နင်းချေ ပစ်ထားရက်ခဲ့သလား..
ပြာပွင့်တစ်ပွင့်စီတိုင်းမှာ
မျှော်လင့်ချက်တွေ မျော ပါ သွားခဲ့တယ်ဆိုတာကိုတော့
ခင်ဗျား သိသင့်တယ် ဒီဇင်ဘာ .......
ပြက္ခဒိန်တစ်ခုကို လှပ်ဖို့ မိနစ်ပိုင်းအလို…
ဒီဇင်ဘာဟာ တိတ်ဆိတ်စွာ
မီးလောင်တိုက်သွင်းခံရပြီးတဲ့နောက်
ညဉ်းတွားအော်ဟစ်သံတွေကြားမှာ
စိတ်ထိခိုက်စွာနဲ့ပဲ
ကျုပ်တို့၂၀၁၁ ရဲ့နိဂုံးဟာလည်း ပြာ ..အ ..တိ ဖုံး သွားခဲ့ရပြီ။
နှုတ်ဆက်ပါတယ်.. ဒီဇင်ဘာ ....
ထင်ရာ စိုင်းခဲ့တဲ့ ဒီသမိုင်းမှာ တော့
ခင်ဗျားဟာ သန္ဓေမှားခဲ့တဲ့ ရာသီ တစ်ခု ပါ ပဲ ...
စူးရှအိမ် ( 10:03pm , 1/1/2012)
ချိုးငှက်များသို့ တမ်းချင်း

ဟိုး…….
လှောင်ချိုင့်ကြားက
အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့
ချိုှးငှက်တွေ
လေဟုန်မှာအတောင်ပံဖြန့်လို့
အားနဲ့မာန်နဲ့ သူတို့လဲ ပျံချင်ရှာနေမပေါ့ မေမေ ….
ရင်နှစ်သည်းချာတွေနဲ့
သံတစ်တိုင်စာ ကွာဝေးရတဲ့ ဘ၀မှာ
ဟိုး ဝေးဝေးက တောင်ပံ ခတ်သံတွေနဲ့
မပီဝိုးဝါးအိပ်မက်တွေက လေဆန်အရပ်က
ပျံတက်မလာကြတော့ဘူးတဲ့မေမေ…..
သွေးလဲတိတ်စေလို့
ချွေးလဲ သိပ်စေမဲ့ ရင်ခွင်ကို
သူတို့တမ်းတ …..
ငါ စွဲ မရှိတဲ့ သူတို့ဘ၀တွေ
သံတိုင်ကြားမှာ ကြွေပြရတာ
မနစ်နာ လွန်းဘူးလား မေမေ ….
လွတ်ပြီး လပ်နေတဲ့ အရပ်မှာ
မကြာခဏပြောပြောနေကြတဲ့
ပုံစံခွက်ထဲက Freedom တွေကြောင့်
ခြေရာလည်းပျောက် ရေကြည်လဲ နောက်ရပြန်ပြီ မေမေ ….
နင်းပြားဘ၀ကနေတောင်
မရမကခေါင်းထောင်ထ နေတဲ့
လေးစားလောက်တဲ့ ..
သူတို့စိတ်ဓာတ်တွေ အတွက်
ပေးတဲ့ဒဏ်ချက်က သွေးပျက်လောက်အောင်
ကြီးမားလွန်းနေတယ် မေမေ..
လွတ် လပ် ရေးဆိုတာ ဘာလဲ မေမေ
သတ်သတ်မှတ်မှတ် မရှိတဲ့
နွားခြေရာခွက်ထဲက အော်ရတဲ့
ဖားသူငယ်ဘ၀နဲ့ပဲ…
ကျွန်တော်တို့ ခောတ်က ဟောင်းရတော့မှာလား ..
ကျွန်တော်တို့ စနစ်က ပြောင်းရတော့မှာလား ……
ကျွန်တော် အားကိုးတကြီးမျှော်လင့်မိပါတယ် မေမေ …
ဒီ ၆၄ ကြိမ်မြောက် လွှင့်ထူခြင်းဟာ …
ကျွန်တော်တို့ဖခင် လှူခဲ့တဲ့အသွေးအသားကို
ပြန်လည်နိုးထစေခြင်းဖြစ်ပါစေလို့…
စူးရှအိမ် ၄၊၁။၂၀၁၂ ( 12:34 Pm)
07 February, 2011
05 February, 2011
"ငွေ့ရည်ဖွဲ့တဲ့ည"

ငါမျက်လုံးတွေကိုမှိတ်လိုက်တယ်
အမြင်အာရုံအမှောင်ကျသွားတဲ့နောက်မှာ
ဘ၀တစ်ခု…
လောကနဲ့အဆက်အသွယ်ပြတ်နေတဲ့ဘ၀တစ်ခု
အဲ့သီးခြားဘ၀လေးထဲမှာ
ငါ့ချစ်ခြင်းတွေကို အသွင်ဖော်ဖို့
နှလုံးသွေးတွေကို မင်ရည်အဖြစ်နဲ့စီးဆင်းလိုက်တယ်….
ရင်ဘတ်ကြီးနဲ့တနင့်တပိုးထမ်းထားရတဲ့အတွေးတွေက…
ဆိုင်သူမသိတဲ့ကဗျာတွေအဖြစ်နဲ့
အလွမ်းအိမ်လေးတစ်အိမ်ကိုဆောက်တယ်….
ချစ်တယ်…ချစ်ခြင်းဆိုတာကိုဘာမှန်းမသိပဲ ငါချစ်တယ်…
လွမ်းတယ်…မပီပြင်တော့တဲ့ သံယောဇဉ်တစ်ချို့နဲ့
ငါလွမ်းတယ်….
ငါ့အလွမ်းတိုင်းပြည်မှာ ..
ခောတ်ဆိုတာမရှိဘူး….
လူတန်းစားဆိုတာမရှိဘူး…
ဘာသာရေးခွဲခြားမှုဆိုတာမရှိဘူး…
ပင့်ကူမျှင်လို့ရှုပ်ရှပ်ခပ်နေတဲ့
ဆက်သွယ်မှုကွန်ယက်တွေမရှိဘူး
မ၀ံ့မရဲခုန်နေတဲ့ စည်းချက်မမှန် ရင်ခုန်သံလေးက
သူနဲ့ငါ့ကြား ဆက်သွယ်ပေးတယ်….
ငါကိုယ်တိုင်ပိုင်တဲ့ ငါ့အချစ်တိုင်းပြည်မှာ ..
မိုင်တိုင်တွေကြားက ကွာဟမှုတွေမရှိဘူး
ချစ်တယ်ဆိုတဲ့ စကားနှစ်လုံးကြားမှာ
သူသာကြားစေနိုင်တဲ့ ငါ့ရင်ခုန်သံတိုးတိုးလေးတွေရှိတယ်…….
ဆိုင်သူလက်မခံတဲ့
အဲ့ဒီချစ်ခြင်းတွေတစ်ပွေ့တစ်ပိုက်နဲ့
ငါ…မျှော်လင့်ခြင်းလမ်းဆုံးကို မျှော်ကြည့်မိတယ်…
တွေ့လိုက်၇တယ်….လက်လှမ်းကြိုနေတဲ့ အပြုံးတစ်ခု
သာယာနှစ်လိုဖွယ်ကောင်းတဲ့အပြုံး
အနှစ်အလလ ရူးခဲ့ဖူးတဲ့ အဲ့ဒီအပြုံးတစ်ခု..
ငါတစ်သက်လုံး ပိုင်ဆိုင်ခွင့်ရချင်တဲ့အဲ့အပြုံး …..
အဲ့အပြုံးပိုင်ရှင်က..
ငါ့နဖူးမှာ အနမ်းတံဆိပ်လေးနှိပ်ပေးတယ်
ငါဆုတောင်းကြည့်ချင်တယ်….
ဒါ...အိပ်မက်... မဟုတ်ပါစေနဲ့လို့……..
04 February, 2011
"ကောင်းကင်ဝှက်ထားတဲ့...အိပ်မက်"

ရှည်လျားတဲ့မိုင်တွေကြားထဲ
ငါ့ဆန္ဒတွေမှေးစက်တယ်...
တဖြည်းဖြည်းကုန်သွားမဲ့
ပြက္ခဒိန်စာရွှက်တွေကြားက
နေ့စွဲတစ်ခုမှာ ........
ငါ့မျှော်လင့်ချက်တွေ မရိုးမရွဖြစ်နေတယ်.....
ရေးတယ်.... ငါရေးတယ်......
ဗလာလို့ခေါ်တဲ့ စာရွက်ဖြူတွေပေါ်မှာ
ငါ့ရဲ့မဟာ ခံစားချက်တွေကိုငါရေးနေတယ်
ဆန္ဒတွေက မွစာကျဲလို့......
အဲ့ရက်စွဲတွေကို ငါမုန်းတီးစွာကြည့်မိတယ်.....
နေ့ရက်တိုင်းကပြဿဒါး
ကိုယ်ချင်းစာစိတ်မရှိတဲ့ အဲ့ဒီအရေအတွက်မဲ့ပြက္ခဒိန်တွေကို
စိတ်ကူးထဲမှာပဲ ငါဆုတ်ဖြဲနေမိတယ်......
ဖြစ်နိုင်ရင်လေ...
အချိန်ကိုယန္တရားတပ်
ရာစုနှစ်တွေကိုဘောင်ခတ်လို့
ငါ့မျှော်လင့်ချက်ကိုစီးနင်း
အဲ့ကာလလေးထဲကို ခြင်းနင်းဝင်ရောက်ချင်ပြီ
ဒါပေမယ့် ငါသိတယ်.... အဲ့တစ်ချိန်ကို ငါစောင့်ရမယ်
အဲ့ဒီနေ့.... ငါ့အိပ်မက်တွေထဲက အဲ့ဒီနေ့
အဲ့နေ့မှာ ငါ့ကောင်းကင်က ကြယ်တွေမြေခမယ်
ငါ့အလွမ်းတွေမြေကျမယ်
ငါ့ဆန္ဒနဲ့ ငါ့ကိုယ်ငါတန်ဆာဆင်လို့
ငါ့အပြုံးတွေက ငါ့နှလုံးသားကို ချယ်မှုန်းပေးထားလိမ့်မယ်
အဲ့ဒီနေ့........ ငါမျှော်တဲ့အဲ့နေ့မှာ
ငါ့ကောင်းကင်ကလမင်းကို
ငါဖူးတွေ့ခွင့်ရမယ်.......
ပကာသနမပါတဲ့ မာနပါးပါးလေးနဲ့
ငါ့လမင်းကိုနမ်းဖို့...
ဟိုးးးးးးးးးးးးးးးး အဝေးကြီးကနေ ....
ငါ....အရောက်လှမ်းခဲ့ ..ဦး..မယ်.....
03 February, 2011
*I Do Love You*
ချစ်တယ် …
နင့်အပြုံးတွေကို ငါချစ်တယ်
နင့်အမုန်းတွေကိုငါချစ်တယ်…
နင့်စကားတွေကို ငါချစ်တယ်..
နင့်အကြည့်တွေကိုငါချစ်တယ်
နင့်အဆုံးအမတွေကိုငါချစ်တယ်
နင့်စာရိတ္တကိုငါချစ်တယ်
နင့်ရိုးသားမှုတွေကို ငါချစ်တယ်
နင်ပိုင်ဆိုင်တဲ့အရာအားလုံးငါချစ်တယ်..
နင့်ကိုမပိုင်ရလဲ ငါချစ်တယ်
ငါ့ကိုခွဲသွားမှာသိလဲ ငါချစ်တယ်
ငါ့မျက်လုံးမှိတ်လိုက်တိုင်း
အလိုလိုပုံပေါ်လာတတ်တဲ့
နင့်ကို …. ငါ……အရမ်းချစ်တယ်….
Subscribe to:
Posts (Atom)